ပခုက္ကူတွင် ဆန္ဒထုတ်ဖော်သူများအား ရဲတပ်ဖွဲ့မှအကြမ်းဖက်ဖြိုခွဲခဲ့ရာ အမျိုးသမီးတစ်ဦးသေနတ်ထိမှန်ခဲ့ပြီး အနည်းဆုံးပြည်သူ ၁၃ ဦး အဖမ်းခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပါတယ်။ 

ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) နံနက်ပိုင်းတွင် ပခုက္ကူမြို့တွင် ဆန္ဒထုတ်ဖော်သူများအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းရာတွင် အသံဗုံးများနှင့် သေနတ်များကိုအသုံးပြုခဲ့သည်ဟု ဒေသခံများမှပြောသည်။ "အလယ်တိုက်ဘုန်းကြီးကျောင်းရှေ့မှာ ဆန္ဒပြဖို့စထွက်မလို့ရှိသေးတယ်။ ဒိုင်းတွေနဲ့တွန်း တိုက်ပြီး ဖြိုခွင်းတာခံခဲ့ရတယ်၊အဲဒီတော့ ဆန္ဒပြတဲ့သူတွေက နောက်ပြန်ပြီး သီဟိုရ်ရှင်ဘုရားမှာထပ်စုတယ်၊ အဲဒီမှာအသံဗုံးတွေလဲခွဲတယ်၊သေနတ်လဲပစ်တယ်"လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုပါတယ်။ 



အဆိုပါဖြစ်စဉ်တွင် အခင်းဖြစ်ပွားရာအနီးအိမ်မှ အမျိုးသမီးကြီးတစ်ဦး၏ဗိုက်ကို သေနတ်ကျည် ရှပ်၍ထိမှန်ခဲ့ပြီး အဆိုပါအမျိုးသမီးအား ပြည်သူအချို့က ကားဖြင့်တင်ဆောင်ကယ်ဆယ်သွားကြောင်းသိရပါတယ်။ ထို့အပြင် အဆိုပါဖြစ်စဉ်မှာ ပရဟိတသမားတစ်ဦးလည်းဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်။ 

"ပုညမုဒိတာပရဟိတလူမှုကူညီရေးအသင်းက တစ်ယောက်ကိုလဲဖမ်းတာမြင်လိုက်ရတယ်၊ သူဆိုရင် လူမှုကူညီရေးအသင်း၀တ်စုံနဲ့ဦးထုတ်လဲပါတယ်၊ သူ့ကိုဖမ်းပြီး အဲဒါတွေဆွဲချွတ်တာတွေ့ရတယ်"လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ ယနေ့ ဖေဖော််ဝါရီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရဲတပ်ဖွဲ့က လူစုမခံဘဲ ရဲအင်အားအလုံးအရင်းနဲ့ စောင့်ကြည့်ခြင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်းများ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က