ဆေးပစ္စည်းတွေကို စစ်ကိုင်းဆေးရုံဝန်ထမ်းတွေ အပါအဝင် ပရဟိတအသင်းများ၊ ပြည်သူများရဲ့ ဆန္ဒသဘောထားဖြင့် မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူစစ် နေအိမ်ကိုဖေဖော်ဝါရီလ၂၀ ရက်နေ့မှာ စာရင်းဇယားအတိအကျဖြင့် ရွှေ့ပြောင်းသိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

စစ်ကိုင်းမြို့ကုတင် ၂၀၀ ဆေးရုံကြီးအတွက် အလှူရှင်တွေ လှူဒါန်းထားတဲ့ဆေးပစ္စည်းတွေကိုကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအသင်းတွေနဲ့၊ပြည်သူတွေက စစ်ကိုင်းမြို့မိမြို့ဖတစ်ဦးအိမ်ကိုပြောင်းရွှေ့ထားတာကာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က အဲ့ဒီအိမ်ကိုဝင်ရောက်ရှာဖွေပြီး ဆေးပစ္စည်းတွေပြန်လည်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

မနေ့ကဖေဖော်ဝါရီလ၂၆ ရက်နေ့မှာ ဆေးရုံသုံးပစ္စည်းတွေသိမ်းဆည်းထားတဲ့စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ နန်းတော်ရာရပ်တာရိုးကြီးလမ်းအနီးက ဇာနည်ဆေးတိုက်ကို ရဲနဲ့စစ်တပ်က ရောက်လာပြီး စစ်ကိုင်းမြို့ခံတွေ လှူထားတဲ့ ဆေးပစ္စည်းတွေကို ရှာဖွေပုံစံနဲ့ သိမ်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ "ဆေးရုံမှာ အစောင့်မရှိတော့တဲ့အတွက် ကျွန်မတို့မြို့ခံတွေ လှူထားတဲ့ အလှူပစ္စည်းတွေကို ကျွန်မတို့က စိတ်ပူလို့ သိမ်းဆည်းထားပေးတာပါ။ ရဲက ရှာဖွေပုံစံဝရမ်းနဲ့ လာသိမ်းတာပါ။ " လို့ ဇာနည်ဆေးတိုက်နဲ့ နီးစပ်သူစစ်ကိုင်းဒေသခံတစ်ဦးကပြောပါတယ်။ဆေးရုံက ဆေးပစ္စည်းတွေကို ဆေးတိုက်မှာ ဘာကြောင့်သိမ်းထားသလဲဆိုတာနဲ့ပတ်သက်ပြီး ရဲစခန်းကို လာပြီးရှင်းပြဖို့ ရဲအရာရှိတွေက ပြောသွားတယ်လို့လည်းသိရပါတယ်။



ဆေးရုံသုံးပစ္စည်းတွေကို ရဲတပ်ဖွဲ့ကလာရောက်သိမ်းဆည်းတာနဲ့ပတ်သက်ပြီးစစ်ကိုင်းဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပြင်းထန်စွာကန့်ကွက် ရှုတ်ချတယ်လို့ဒီနေ့မှာ သဘောထားထုတ်ပြန် ပြောဆိုထားပါတယ်။

ဆေးပစ္စည်းတွေကို စစ်ကိုင်းဆေးရုံဝန်ထမ်းတွေ အပါအဝင် ပရဟိတအသင်းများ၊ ပြည်သူများရဲ့ ဆန္ဒသဘောထားဖြင့် မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ဒေါ်ဖြူဖြူစစ် နေအိမ်ကိုဖေဖော်ဝါရီလ၂၀ ရက်နေ့မှာ စာရင်းဇယားအတိအကျဖြင့် ရွှေ့ပြောင်းသိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးထားပါတယ်။ အများသဘောတူသိမ်းဆည်းထားတဲ့ ဆေးရုံသုံးပစ္စည်းတွေကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ လာရောက်ယူဆောင်သွားခြင်းကို စစ်ကိုင်းဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ ပြောဆိုထားပါတယ်။

ဆေးပစ္စည်းတွေထားရှိတဲ့ ဆေးရုံကြီးကအဆောင်မှာ ထိန်းသိမ်းစောင့်ရှောက်မယ့်သူမရှိတာကြောင့် ပျောက်ပျက်ဆုံးရှုံးမည်ကို စိုးရိမ်တဲ့အတွက် ဆေးရုံကနေ ပြောင်းရွှေ့ခဲ့တာဖြစ်လို့လည်းရေးသားထားပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။



က္က