ဒီကနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
Duwun

ကြည့်မြင့်တိုင်မြို့နယ် အခြေခံပညာရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ဆရာမတစ်ဦး တံတောင်ဆစ်ကို ကျည်ထိမှန်ကာ နှလုံးရောဂါဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၂၈) ရက်မနက်ပိုင်းမှာ အခြေခံပညာဦးစီးဌာန (၃) ရုံးရှေ့မှာ အခြေခံပညာဆရာ၊ ဆရာမတွေ ထိုင်သပိတ်ပြုလုပ်နေစဉ်အတွင်း ရဲက သေနတ်နဲ့ ပစ်ဖောက်ဖြိုခွင်းရာ ဆရာမတစ်ဦးကို တံတောင်ဆစ်ကို ကျည်ထိမှန်သွားခဲ့တယ်လို့ ဖြစ်စဉ်ကို သတင်းစုံစမ်းသိရှိခဲ့တဲ့ ဂလက်ဆီမီဒီယာ စီအီးအိုက ပြောပါတယ်။



Photo- Khin Hnin Kyi Thar

“ မနက်က ကျွန်တော် လူနာတင်ယာဉ် အဖွဲ့ကို ဖုန်းဆက်မေးတော့ ကြည့်မြင့်တိုင် (၃) ရှေ့မှာ ဆရာမတွေက ထိုင်သပိတ်လုပ်တော့ ရဲက လူစုခွဲပြီး ပြောရင်း ပစ်ထည့်လိုက်တာ။ ဆရာမတစ်ယောက် တံတောင်ဆစ်ကိုကျည်မိတယ်။ နှလုံးရောဂါရှိတာလား လန့်ပြီးတော့ဖြစ်သွားတာ။ ဆရာမက အသက်မမီတော့ဘူး"” လို့ ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အချို့လည်း သေနတ်ကျည်ထိမှန် ဒဏ်ရာတွေ ရရှိနေကြတယ်လို့လည်း သိရပါတယ်။


Author

  • Duwun

က္က