အမျိုးသားတစ်ဦး လည်ပင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။
Duwun

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ဘဝမြင့်နားမှာ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းက လူစုခွဲရင်း သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က အမျိုးသားတစ်ဦး လည်ပင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လည်ပင်းကိုကျည်ဆံထိမှန်ပြီးသေဆုံးသွားတဲ့ အမျိုးသားဟာ ကိုဟိန်းထွဋ်အောင်(၂၃)နှစ်ဖြစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၁ ရပ်ကွက်မှာနေထိုင်သူ ဖြဖစ်တယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့ ဇနီးတို့ဟာ ဆန္ဒပြတဲ့အဖွဲ့တွေထဲမှာ ပါဝင်ခြင်းမရှိဘဲ သူတို့ရဲ့ဦးလေးဖြစ်သူနေထိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်ကို သွားလည်ရင်းနဲ့ ဘဝမြင့်နားအရောက်မှာ အခုလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုမှာ ထိမှန်ခဲ့တာဖြစ်ပါတယ်။




သေနတ်ပစ်ခံရမှုမှာ လည်ပင်းကိုကျည်ဆံထိမှန်တာကြောင့် အနီးနားက ပုဂ္ဂလိကဆေးခန်းမှာဆေးကုသမှုခံယူရင်းနဲ့ သေဆုံးသွားခဲ့ပါတယ်။ "ဆုံးသွားတာ မှန်ပါတယ်။ လေးယောက်သေနတ်ထိမှန်ပြီး ကျွန်တော်တို့ဆေးရုံကိုရောက်လာပါတယ်။ သုံးယောက်ကတော့ သိပ်မစိုးရိမ်ရပါဘူး။ လည်ပင်းထိတဲ့ကလေးကတော့ ဆေးခန်းကို ရောက်ပြီ းကုသမှုပေးနေရင်းနဲ့ သေဆုံးသွားတာပါ။ ကုသမှုကို အလျင်အမြန်လုပ်နေရင်းနဲ့ သေဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်"ဟု ယင်းပုဂ္ဂလိကဆေးခန်းမှ ဆရာဝန်တစ်ဦးကပြောသည်။

  ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို လူစုခွဲတဲ့အနေနဲ့ သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင်ကန်လမ်းပေါ်က ဘဝမြင့်ရပ်ကွက်နဲ့လေးထောင့်ကန်ရပ်ကွက်ကြားမှာ ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွဲပြီး လိုက်လံဖမ်းဆီးခဲ့တာကြောင့် လေးယောက်က ထိမှန််််််််််ခဲ့ပြီးတစ်ဦးသေဆုံးကာ သင်္ဃန်းကျွန်းမြို့မရဲစခန်းထဲမှာတော့ ၈ ယောက်ကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က