ပြည်တက္ကသိုလ်အရှေ့ ဆန္ဒဖော်ထုတ်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ရာဘာကျည်အပြင် ကျည်အစစ်နဲ့ပါ ပစ်ခတ်ပါတယ်။

ပြည်မြို့ တက္ကသိုလ် အရှေ့မှာ ဆန္ဒပြပြည်သူလူထုကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က ရာဘာကျည်အပြင်ကျည်အစစ်နဲ့ပါအချက် ၂၀ ကျော်လောက်အထိ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှုကြောင့် ပြည်အခြေစိုက် မြေလတ်သတင်းဌာနက သတင်းထောက်တစ်ဦး အပါအဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။



" အေးဆေးဆေးဆေးဆန္ဒပြနေတဲ့ သူတွေကို ကျည်အစစ်ပါသုံးတဲ့အထိပစ်တယ်။သတင်းထောက်ကို တမင်ချိန်ပစ်တယ်။ ပါးတစ်ချက်နောက်တစ်ချက်မှန်တယ်၊အမျိုးသမီးတစ်ဦးဆိုလည်း ၅ချက်လောက်မှန်တယ်ထင်တယ်။ နောက်တစ်ယောက်က မျက်လုံးမှန်တယ်။ တေယ်တော်ကိုယုတ်ကန်းလွန်းတယ်။ ပြည်မြို့ကရဲတွေပဲ ခုပစ်တာပါ၊ သူတို့က သတင်းထောက်ရော၊လူမှုရေးကားရော၊ပြည်သူရော အကုန်မချန်ဘူး ပစ်တာ" လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

ပြည်တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းထဲက ပေးမထွက်ဘဲ ပိတ်ဆို့လိုက်တာကြောင့် ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းက ဝန်းရံခဲ့တာပါ။ ကျောင်းရှေ့မှာ သွားရောက်ဝန်းရံတဲ့ သံဃာတော်တွေအပါအဝင် တိုင်းရင်းသားပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့နဲ့စစ်တပ်က ကျည်အစစ်၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲ ခဲ့တာဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့လာသော သတင်းဖြစ်ပါသည်)



က္က