ဆန္ဒပြပွဲမှာ သေဆုံးသူ လူငယ်တစ်ဦးက ပဲခူးမြို့၊ မဇင်းရပ်ကွက်ကဖြစ်ပြီးကျန်တဲ့သူတွေကိုတော့ လိပ်စာမသိရှိရသေးပါဘူး။

ပဲခူးက ဆန္ဒပြ လူထုကို ရဲတပ်ဖွဲ့ နဲ့စစ်တပ်က ကျည်အစစ်တွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွဲ့တာကြောင့် လက်ရှိမှာ ဆန္ဒပြပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

"နှစ်ဦးဆုံးသွားပြီ။အမျိုးသားတွေပါ။ လက်ရှိတော့အခြေအနေက တည်ငြိမ်နေတယ်။ဒဏ်ရာရသူက ၁၀ ယောက်လောက်ရှိမယ်၊ဆေးကုသမှုပေးနေတယ်။"လို့ ဆန္ဒပြပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပြပါတယ်။



ဓာတ်ပုံ - ပဲခူးမြို့ခံတစ်ဦး

ရဲနဲ့ စစ်တပ်ဟာ ပဲခူးမြို့ပေါ် ကဆန္ဒပြပြည်သူတွေကို ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီးနောက် ပဲခူးမြစ်တံတားမှာ မျက်ရည်ယိုဗုံး ၂၀ လောက်ပစ်ခဲ့ပြီး ပြည်သူတွေဘက်ကို သေနတ်နဲ့ပစ်ခတ်ကာ ဖြိုခွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့မြင်သူတွေကပြောပါတယ်။ "ပဲခူးမြစ်တံတား၊ဒီဖက်ထိပ်တစ်ယောက်၊ဟိုဖက်ထိပ်တစ်ယောက် ကျဆုံးသွားပြီဖြစ်တယ်။မျက်ရည်ယိုဗုံးက အလုံး ၂၀ လောက်ပစ်ဖောက်တယ်။ပြီးတော့ ပြည်သူဘက်ကို ဒဲ့ပစ်တယ်။ကျည်အစစ်တွေသုံးတယ်။ရာဘာကျည်တွေသုံးတယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ - ပဲခူးမြို့ခံတစ်ဦး

ဆန္ဒပြပွဲမှာ သေဆုံးသူ လူငယ်တစ်ဦးက ပဲခူးမြို့၊ မဇင်းရပ်ကွက်ကဖြစ်ပြီးကျန်တဲ့သူတွေကိုတော့ လိပ်စာမသိရှိရသေးပါဘူး။ လက်ရှိမှာ ပဲခူးအခြေအနေက ဖြိုခွင်းတာမျိုးမရှိတော့ပေမယ့် ပြည်သူတွေကတော့ လမ်းပေါ်မှာရှိနေကြဆဲဖြစ်တယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးကိုအသင့်အနေထားရယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။



က္က