ညီမဖြစ်သူ ပိုင်ဆိုင်တဲ့ တောင်ညိုရိပ်စားသောက်ဆိုင်အရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

ပြည်မြို့ဆန္ဒပြလူထုကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲပြီးနောက် ပစ်မိန့်ပေးခဲ့တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းရဲ့ မိဘတွေနေထိုင်တဲ့ ပေါင်းတည်မြို့က နေအိမ်အရှေ့မှာ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

"ပစ်မိန့်ပေးတဲ့ရဲမှူးက ပေါင်းတည်သားဖြစ်လို့ အဲဒီလိုပြည်သူအပေါ် ပစ်မိန့်ပေးရက်တဲ့သူကို အလိုမရှိကြောင်း ဆန္ဒပြ တာပါ။ သူမိဘ မောင်နှမတွေရှိတဲ့နေရာတွေအရှေ့ကိုသွားပြီးဆန္ဒပြခဲ့ကြတာပါ"လို့ ဒေသခံတစ်ဦးက ပြောပြပါတယ် ။



ဒီကနေ့ မနက်ပိုင်းက ပြည်တက္ကသိုလ် အရှေ့ဆန္ဒပြသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အင်အားအများအပြားနဲ့တားဆီးပိတ်ဆို့ပြိး ပစ်ခတ်ဖြိုခွဲမှုတွေပြုလုပ်အောင် ပစ်မိန့်ပေးသူဟာ မြို့နယ်ရဲတပ်ဖွဲ့မှူးဟုသိရှိရတာကြောင့် ပေါင်းတည်ကပြည်သူတွေက တန်ပြန်ပြီး ရဲမှူးမိဘနေအိမ်အရှေ့ကိုသွားရောက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။

ပေါင်းတည်မြို့ခံပြည်သူတွေဟာပြည်မြို့နယ် ရဲမှူးရဲ့ မိဘနေအိမ်အအပြင် ညီမဖြစ်သူ ပိုင်ဆိုင်တဲ့ တောင်ညိုရိပ်စားသောက်ဆိုင်အရှေ့မှာလည်း ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။

ဒီကနေ့ ပြည်တက္ကသိုလ် အရှေ့ ပစ်ခတ်ဖြိုခွဲ မှုမှာသတင်းထောက်တစ်ဦး အပါအဝင် ရာဘာကျည်ထိမှန်ကာထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ရိုက်နှက်အကြမ်းဖက်ခံရသူတွေလည်းရှိခဲ့သလို ဖမ်းဆီးခံလိုက်ရတဲ့ သူ ၉ ဦးရှိခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးခံလိုက်ရတဲ့ စာရင်းထဲမှာ ရာဘာကျည်ထိမှန်ပြီး ဒဏ်ရာရသူကို ပြည်မြို့လူမှုကူညီရေးအသင်းက ပြည်စစ်ဆေးရုံကိုပို့ဆောင်ခဲ့တဲ့အသက်၁၃ နှစ်အရွယ်ကလေးငယ်လည်းဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါ တယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က