အတိုင်ပင်ခံပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတယ်လို့လည်း သိရပါတယ်။
Duwun

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီကနေ့ မတ်လ (၁) ရက်နေ့က ရုံးထုတ်စစ်ဆေးရာမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံတရားစွဲဆိုလိုက်တာဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်ကိုတော့ ဒီကနေ့မှာမှ ပုဒ်မ ၅၀၅ (ခ) နဲ့ စတင်တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။



“ အမေ့ကို အရင်ပုဒ်မနှစ်ခုအပြင် ၅၀၅(ခ) နဲ့ ပုဒ်မတစ်ခုထပ်တိုးတယ်။ အမေက ရှေ့နေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ တရားသူကြီးက ဆက်လက်ဆောင်ရွက်နေပါတယ်လို့ ပြောတယ်။ အမေ့ကိုလည်း တွေ့ရတယ်။ ကျန်းကျန်းမာမာရှိပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီကနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို Video Conferencing နဲ့ ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို Projector ကတစ်ဆင့် မြင်ရကြောင်း၊ ကျန်းကျန်းမာမာရှိနေကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံတော်သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ကိုလည်း ရုံးထုတ်ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နှင့်သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုထားကာ အခုတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ပါ ထပ်မံတရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။


Author

  • Duwun

က္က