စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျောင်းဝန်းအတွင်း ဝင်ရောက်ပြီး သမဂ္ဂရုံးခန်း ဖျက်ဆီးမှုပြီး ပစ္စည်းတွေ သယ်ဆောင်သွားခဲ့ပါတယ်။

CDM သတ်မှတ်ထားတဲ့ ပြည်တက္ကသိုလ် ကို ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်ပြီး စာရွက်စာတမ်းနဲ့ ပစ္စည်းများ ယူဆောင်တာ၊ သော့တွေဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

CDM သတ်မှတ်ထားတဲ့ ပြည်တက္ကသိုလ် ကို ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်တပ်စွဲ ကာ လုံခြုံရေး ရယူခဲ့ပြီးတဲ့နောက် အဲ့ဒီနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ကျောင်းအတွင်းမှာရှိတဲ့ ကျောင်းသား သမဂ္ဂရုံးခန်းက စာရွက်စာတမ်းနဲ့ပစ္စည်းတွေကို ယူဆောင်သွားခဲ့သလို သော့ခတ်ပိတ်ထားတဲ့ Multipurpose Hall ကသော့တွေကိုလည်းဖျက်ဆီးခဲ့ပြီး လွှင့်ထူထားတဲ့ သမဂ္ဂ အလံကိုလည်းဆွဲဖြုတ်တာမျိုးလုပ်ခဲ့တယ်လို့ သိရပါတယ် ။



"မနက်ဆို ဒီတံခါးတွေက ၇ ခွဲလောက်ဆို ပုံမှန်ဖွင့်ထားတယ်။ ဖွင့်ထားတော့ သူတို့ကဝင်လာတော့ လုံခြုံံရေးကတားတယ် တားတဲ့အခါကျတော့ သူတို့က ဆန္ဒပြ တဲ့ကျောင်းသားတွေကျဝင်ခွင့်ပေးပြီး သူတို့ကို ဘာကြောင့်ဝင်ခွင့်မပေးတာလဲဆိုပြီးခြိမ်းခြောက်တယ်။ လုံခြုံရေးတွေလည်း ရှောင်နေရတယ်။ ကျောင်းကCDM ကျောင်းဖြစ်တယ်။ ကျောင်းသားထုရဲ့ဆန္ဒနဲ့ ကျောင်းကို ချိတ်ပိတ်ထားတာဖြစ်တယ်။ချိတ်ပိတ်ထားတဲ့အဆောက်အဦးကိုလည်း ရိုက်ဖွင့်သွားတယ်။ နောက်သမဂ္ဂရုံးခန်းလေးကိုလည်း ဝင်စီးသွားတယ်လို့ ပြောလို့ရတယ်။ ရုံးခန်းထဲမှာရှိတဲ့စာရွက်စာတမ်းပစ္စည်းတွေကို သိမ်းသွားတယ်။ကွန်ပျူတာတစ်လုံးပဲရှိတော့တယ်လို့သိရတယ်။ဘက်စုံသုံးခန်းမမှာ သမဂ္ဂ အလံထူထားတာကို ဆွဲဖြုတ်သွားတယ်။"လို့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ခုလို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျောင်းဝန်းအတွင်း ဝင်ရောက်ဖျက်ဆီးမှုတွေလုပ်တာနဲ့ပတ်သက်ပြီး သမဂ္ဂ တာဝန်ရှိသူတွေက ဖုန်းနဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ခံ ဒုပါမောက္ခချုပ်ထံ ဆက်သွယ်ခဲ့ရာ "ဝင်ခွင့်ပြုတယ်။ မပြုတယ်တော့မဟုတ်ပါဘူး။ သူတို့က အာဏာပိုင်လေ ကျွန်မဘယ်တတ်နိုင်ပါ့မလဲ။ ခွင့်မပြုရင် ကျွန်မကို ဖမ်းသွားမှာပေါ့"လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

"တက္ကသိုလ်က လွတ်လပ်တဲ့နယ်မြေဖြစ်တယ်။ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်ပြုလို့မရဘူး။ အဲ့ဒီတော့ သူတို့ကဝင်ခွင့်ပေးတယ်လို့ ကျွန်မတို့ယူဆတယ်"လို့ သမဂ္ဂ တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကျောင်းဝန်းအတွင်း ဝင်ရောက်ပြီး သမဂ္ဂရုံးခန်း ဖျက်ဆီးမှုတွေ၊ပစ္စည်းတွေ သယ်ဆောင်သွားတာနဲ့ပတ်သက်ပြီး သမဂ္ဂ အရေးပေါ် အစည်းအဝေးခေါ်ယူဖို့လုပ်နေတယ်လို့သိရပါတယ်။ ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ကျောင်းသားသပိတ်စစ်ကြောင်းရဲ့ ဆန္ဒပြမှုနားထားတာ ဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က