အရေးကြီးလိုအပ်တဲ့ ဝန်ထမ်းတွေအတွက်လည်း ဦးစားပေးရန်ပုံငွေထဲမှ တစ်ဦးလျှင် ၅ သောင်းကျပ်စီ သီးသန့် ချီးမြှင့်ပေးခဲ့ပါတယ်။
Duwun

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ CDMပြု‌လုပ်နေတဲ့ ဝန်ထမ်း ၁,၀၀၀ကျော် ရှိပြီး ဝမ်းတွင်းပြည်သူလူထုက အဆိုပါဝန်ထမ်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေ သိန်း(၂၀၀)ကျော်ကို ပေးအပ်လှူဒါန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဝန်ထမ်းတွေဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပေးအပ်မယ့် ပုံမှန်လစာကိုလည်း ရရှိမှာဖြစ်ပါတယ်။

ပထမကြိမ်အနေနဲ့ ဝမ်းတွင်းမြို့နယ်မှ CDMဝန်ထမ်း(၉၃၇)ဦးအတွက် တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းနဲ့ စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေ ၁၈၇သိန်း၄သောင်းကျပ်ကို လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ဒီနေ့မှာဆိုရင်လည်း ထပ်တိုးလှူဒါန်းမှူးအဖြစ် CDMဝန်ထမ်း(၁၂၈)ဦးအတွက် စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေ ၆၈သိန်း၈သောင်းကျပ်ကို ထပ်မံလှူဒါန်းခဲ့ပါတယ်။



အရေးကြီးလိုအပ်တဲ့ ဝန်ထမ်းတွေအတွက်လည်း ဦးစားပေးရန်ပုံငွေထဲမှ တစ်ဦးလျှင် ၅သောင်းကျပ်စီ သီးသန်းချီးမြှင့်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ်နဲ့ နောက်ထပ် ထောက်ပံ့ချီးမြှင့်မှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ကအထိတော့ CDMဝန်ထမ်း (၉၃၇)ဦးအတွက် စုစုပေါင်း ၁၈၇သိန်း၄သောင်း လှူဒါန်းထားပြီးတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ထပ်တိုး လှူဒါန်းမှုတွေ ရှိပါတယ်။ ပညာရေး (၁၆)ဦီး နောက်တိုး(၁)ဦးလျှင် နှစ်သောင်းကျပ်၊ စိုက်ပျိုးရေး (၁၁)ဦး တစ်ဦးလျှင်နှစ်သောင်းကျပ်၊ လျှပ်စစ် (၄၈)ဦး တစ်ဦးလျှင် သုံးသောင်းကျပ်၊ ဆ/မ(၆)ဦး တစ်ဦးလျှင် ငါးသောင်းကျပ်ကျေးလက်‌ဖွံ့ဖြိုးရေးဦးစီးဌာန(၄)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်၊ မီးရထား(၃၈)ဦး တစ်ဦီးလျှင် တစ်သိန်းကျပ်ကို ဒီနေ့မှာ လှူဒါန်းခဲ့ပါတယ်။ စုစုပေါင်း ၆၄၈၀၀၀၀ကျပ် ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းလေးဦးအတွက်လည်း တစ်ဦးလျှင် တစ်သိန်းကျပ် လှူဒါန်းပေးခဲ့ပါတယ်။”လို့ ဦးဆောင်ကောက်ခံသူ တစ်ဦးက ပြောပါတယ်။

မတ်လ၂ရက်အထိ ဝမ်းတွင်းပြည်သူလူထုရဲ့ CDMဝန်ထမ်းတွေအတွက် လှူဒါန်းပြီးစီးမှုမှာ ဝန်ထမ်း (၁,၀၆၅)ဦးခန့်အတွက် စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေ ၂၅၆သိန်း၂သောင်း လှူဒါန်းထားပြီး ဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် စွမ်းထက်ပေးပို့သောသတင်းဖြစ်ပါသည်။ 


Author

  • Duwun

က္က