ရဲတပ်ဖွဲ့ကို ကျေးရွာတွင်းဝင်ရောက်ခြင်းမပြုဖို့ ကျေးရွာသူရွာသားတွေက ရဲကားအရှေ့ထိ ပိတ်ဆို့တားဆီးခဲ့ပါသေးတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊ အနောက်အုံကျေးရွာကို ဒီကနေ့ည ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့ကကား၃ စီးနဲ့ရောက်လာပြီး ရပ်ကွက်ရုံးမှာ ပြည်သူတွေချိတ်ဆွဲထားတဲ့" စစ်အာဏာရူးတွေခန့်အပ်တဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးအလိုမရှိ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အနောက်အုံရွာ"ဆိုတဲ့စာတန်းဗီနိုင်းတွေကို လာရောက်ဖြုတ်ယူခဲ့တာကြောင့် ရွာသူရွာသားတွေက သံပုံးတီးတန်ပြန်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကို ကျေးရွာတွင်းဝင်ရောက်ခြင်းမပြုဖို့ ကျေးရွာသူရွာသားတွေက ရဲကားအရှေ့ထိပိတ်ဆို့တားဆီးတာမျိုးကိုပြုလုပ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က ရွာအတွင်းဝင်ရောက်ပြီး ဗီနိုင်းကိုဖြုတ်ခဲ့တာဖြစ်ကြောင်း၊ရဲအင်အားက ၁၀ယောက်လောက်ရှိတယ်လို့်ဒေသခံတွေဆီကသိရပါတယ်။



"မနက်က ရဲ ၃ ယောက် လာကြည့်တယ်။ ခုညနေ ဗီနိုင်းတွေလာဖြုတ်တယ်။ကားရှေ့ကဆူးခတ်နဲ့လူတွေပိတ်ထားတာသူကဖယ်ပြီးအတင်းထွက်တာ။အုပ်ချုပ်ရေးရုံးထဲဝင်ပြီးဗီနိုင်းတွေဖြုတ်တန်းလှည့်ပြန်သွားတယ်။ခုရွာက စာအသစ်ထပ်ပြီးချိတ်ဆွဲထားတယ်"လို့ အနောက်အုံကျေးရွာသားတစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့ပြန်သွားပြီးနောက်မှာတော့ ရွာသားတွေက မိမိတို့ရွာကို ရွာသူရွာသားများကသာ စောင့်ရှောက်သွားမှာဖြစ်တယ်လို့ ရွာသားတွေကသဘောထားထုတ်ပြန်ကြေငြာချက်ဗီနိုင်းကို ရပ်ကွက်ရုံးမှာထပ်မံချိတ်ဆွဲလိုက်တယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ လမ်းညွှန်မှုများကို လုံးဝလိုက်နာဆောင်ရွက်မှာ မဟုတ်ဘူးလို့ သဘောထားထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။



က္က