သတင်းထောက် ကိုမင်းညိုကို ဖမ်းဆီးသွားပြီးနောက် စစ်တပ်က အင်အားအများအပြားနဲ့ ကိုမင်းညိုနေအိမ်ကို လာရောက်ဝိုင်းထားပါတယ်။
Duwun

ပြည်မြို့ နာရီစင်မှာ ဆန္ဒပြဖို့လူစုနေတဲ့ ပြည်သူလုထုကို စစ်တပ်နဲ့ရဲက သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့ပြီး DVB သတင်းထောက် ကိုမင်းညိုကို ရိုက်နှက် ဖမ်းဆီးသွားသလို ပြည်သူတွေလည်း ဖမ်းဆီးခံရ မှုရှိနေတယ်လို့မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဖမ်းခံရတဲ့ သတင်းထောက် ကိုမင်းညို

ကိုမင်းညိုကိုဖမ်းဆီးသွားပြီးနောက် စစ်တပ်က အင်အားအများအပြားနဲ့ ကိုမင်းညိုနေအိမ်ကို လာရောက်ဝိုင်းထားတာကိုတွေ့ရပါတယ်။ "လူစုတော့ သူတို့က သေနတ်နဲ့ ပစ်ဖောက်ဖြိုခွဲတော့ အားလုံံးက လွတ်ရာကိုပြေးကြတော့၊ပိတ်မိသူတွေလည်းရှိတယ်။အဲ့ဒီမှာ ကိုမင်းညိုက အစ်ကို့နောက်မှာကျန်ခဲ့တယ်။အဲ့ဒီ မှာသူ့ကို ရိုက်နှက် ထုပြီးဖမ်းခေါ်သွားတယ်။ ကျည်မှန်တာတော့ မတွေ့ဘူး"လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။



လက်ရှိအချိန်ထိပြည်ရွှေဆံတော်ဘုရား မြောက်စောင်းတန်းအရှေ့ ၊ ပြည်မြို့နာရီစင် အနီးတဝိုက်မှာ စစ်တပ်နဲ့ရဲက လိုက်လံပစ်ခတ်မှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြည်မြို့ ဆန္ဒပြမယ့်လူထုဟာပြည်မြို့လယ် နာရီစင်မှာ စုရပ်လုပ်ပြီး ဆန္ဒပြဖို့လူစုခဲ့ချိန် ရဲနဲ့စစ်တပ်က ဆန္ဒပြ သူတွေကိုသေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပြီး ၊ ပိတ်မိနေသူတချို့လည်းရှိနေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိလိုက်လံဖမ်းဆီးတာတွေ ရှိနေတယ်လို့သိရပါတယ်။

ပြည်မြို့မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က