ဒဏ်ရာရရှိသူအယောက် (၂၀)ကျော်ရှိပါတယ်။

မုံရွာမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဘက်က ဒီမနက်နဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၅)ဦးအထက်ရှိနေတယ်လို့ သိရပါတယ်။

photo- မုံရွာဂေဇက်



လတ်တလောမှာ သေဆုံးသူအရေအတွက် အတိအကျမသိရသေးပေမယ့် (၅)ဦးအထက်မှာရှိနေပြီး ဒဏ်ရာရရှိသူကလည်း အယောက် (၂၀)ကျော်တယ်လို့ Monywa Rescue အသင်းမှ ဒုတိယ ဥက္ကဌကိုထွေးအောင်ရင်က Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့ အခုသိထားသလောက် သေဆုံးသူက (၅)ဦးအထက်ရှိနေပြီဗျ။ ဒဏ်ရာရသူလည်းများတယ် (၂၀)ကျော်တယ်။ ခုထိလည်းအခြေအနေကကဆိုးရွားနေတုန်းပဲ။ သေဆုံးတဲ့ထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ ဦးခေါင်း ကျဉ်ထိတဲ့သူတွေကော။ မုံရွာမှာ တော်လှန်ရေးကာလအတွင် းဒီနေ့က ပထမဆုံးလူအသေအပျောက်ရှိတာပါပဲ၊ အခုထိဖြိုခွင်းမှုက တော်တော်ကြမ်းနေတယ်”လို့ ကိုထွေးအောင်ရင်က ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိတဲ့သူတွေကိူ ဆေးကုသမှုပေးဖို့ လူနာတက်ယာဉ်တွေတောင်အဝင်မခံတာကြောင့် Monywa Rescueအသင်းအနေနဲ့လည်း အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိနေဆဲဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။ လက်ရှိသေဆုံးသူတွေက လူငယ်လေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။



က္က