ညနေငါးနာရီခွဲခန့်အချိန်အထိ မျက်မြင်တွေ့ရှိသူရဲ့ ပြောကြားချက်အရ သေဆုံးသူ အနည်းဆုံး ငါးဦးရှိတယ်လို့ သိရပါတယ်။
Htar Htar Wai

ညနေ ၅ နာရီအချိန်ခန့်မှာ ဆန္ဒပြပြည်သူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခွင်းခဲ့ပြီးနောက် ကျည်အစစ်နဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးခေါင်းပွင့်ထွက် သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးကတော့ မျက်လုံးထိမှန် သေဆုံးသွားခဲ့တာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ သတင်းပေးတဲ့ပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

မြောက်ဥက္ကလာဆေးရုံမှာ ရောက်ရှိနေတဲ့ ဒေသခံပြည်သူရဲ့ ပြောကြားချက်အရ ညနေငါးနာရီခွဲခန့် အချိန်အထိ မျက်မြင်တွေ့ရှိချက်အရ သေဆုံးသူ ငါးဦးရောက်ရှိလာတယ်လို့ ဆိုပါတယ်။



" ညနေ ကျွန်တော်ပြန်လာတဲ့အချိန်မှာကို ငါးယောက်က အသေရောက်လာတာ။ အယောက် ၂၀ ၊ ၂၅ လောက်ကတော့ ဒဏ်ရာပေါင်းများစွာနဲ့ပေါ့။မြောက်ဥက္ကလာဆေးရုံကို ရောက်လာ တာပါ။ကျန်တာတွေက ဆေးရုံက ကျွန်တော်ပြန်လာပြီးနောက် ရောက်လာသေးလား မလာလားတော့ မပြောတတ်ဘူး။ ကျွန်တော့်သားကတော့ မနက်ပိုင်းက ဒဏ်ရာရတဲ့သူပေါ့ ။ အခု ၇၅ရာနှုန်းတော့ စိတ်ချရပါပြီ။ ညနေဖြစ်စဉ်နဲ့ပတ်သက်ပြီး ရောက်လာတာကတော့ ကျွန်တော်ရှိတဲ့အချိန်ထိတော့ ငါးဦးပါ " လို့ ဒေသခံပြည်သူတစ်ဦးက Duwun ကို ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေတဲ့ ပြည်သူတွေကိုသာမက လူနာတင်ယာဥ်််််နဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်နေတဲ့ မွန်မြတ်စိတ်ထား ပရဟိတ အသင်းအဖွဲ့ဝင်် လေးဦးကို ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ အခုချိန်အထိ ဘယ်နေရာကိုခေါ်ဆောင်သွားလဲဆိုတာ မသိရသေးဘူးလို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ကို မနက်၁၁နာရီဝန်းကျင်မှာ အဝိုင်းမှတ်တိုင်အနီးကနေ စတင်ပစ်ခတ်ဖြိုခွင်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး ဖြိုခွင်းမှုကို ညနေပိုင်းမှာ အရှိန်မြှင့်ခဲ့တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူအရေအတွက် များပြားခဲ့တယ်လို့ သိရပါတယ်။


Author

  • Htar Htar Wai

က္က