ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်။

မနေ့က မြောက်ဥက္ကလာက ဆန္ဒပြသူတွေတွေကို ရဲတပ်ဖွဲ့ဘက်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာရသူအများအပြားရှိနေပြီး ဆေးကုသပေးဖို့ ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ မွန်မြတ်စိတ်ထား ပရဟိတအသင်းသား (၄)ဦးကိုလည်း ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခေါ်​ဆောင်သွားခဲ့ပါတယ်။ 

မနေ့က ညပိုင်းမှာတော့ ဖမ်းဆီးခံရသူ(၄)ဦးထဲက (၁)ဦး တခြားတစ်ယောက်ကို အကူအညီတောင်းပြီး အသင်းကိုဖုန်းဆက်ခိုင်းကာ အင်းစိန်ထောင်မှာရှိနေကြောင်းကို အသိပေးပြေကြားခဲ့တယ်လို့ သိရပါတယ်။



“ညကပဲ အင်းစိန်ထောင်ကတစ်ယောက်ဖုန်းနဲ့ အစ်မဖုန်းကို လှမ်းဆက်တာ။ သူတို့အင်းစိန်ထောင်မှာ ကော်းကောင်းမွန်မွန်ရှိနေတယ်တဲ့။ စိတ်မပူနဲ့ဆိုပြီးဆက်တယ်။ အခုလိုအဆက်အသွယ်ရတော့ နည်းနည်းစိတ်အေးရသေးတာပေါ့။သူတို့ရှိတဲ့နေရာကိုလည်း သိရပြီဆိုတော့ ဒီနေ့ပဲ အမတို့ ရှေ့နေတွေနဲ့ သူတို့လွတ်မြောက်ရေးကိုဆောင်ရွက်နေပါတယ်”လို့ မွန်မြတ်စိတ်ထား ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

မနေ့က ညပိုင်းက အဆိုပါရိုက်နှက်ခံရတဲ့ ပရဟိတသမားတွေထဲက (၁)ဦးမှာ သေဆုံးသွားပြီး အလောင်းကိုမြောက်ဥက္ကကလာ ဆေးရုံရှေ့မှာ လာပစ်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါသတင်းက သတင်းအမှားသာဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူအားလုံး အင်းစိန်ထောင်မှာကောင်းမွန်စွာရှိနေတယ်လို့ သိရပါတယ်။

“ မနေ့က ညက အဲဒီသတင်းကြားတော့ အစ်မတို့ဆေးရုံရှေ့သွားကြည့်တာ။ မဟုတ်ပါဘူး။ အခုလိုအချိန်မှာ ဒီလိုသတင်းအမှားကြောင့် ပိုပြီး စိတ်သောကရောက်ရပါတယ်။ ရင်ထဲလည်းမချိအောင်ခံစားရပြီး စိုးရိမ်မှုတွေပိုများရလို့ ဒီလိုအချိန်မှာ သတင်းတွေကို မဟုတ်ဘဲ မတင်စေချင်ဘူး”လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာတော့ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ပရဟိတသမားတွေ လွတ်မြောက်ရေးအတွက် အသင်းတာဝန်ရှိသူအနေနဲ့ကြိုးပမ်းဆောင်ရွက်နေပါပြီ။

အဆိုပါ ပရဟိတသမား(၄)ဦးက မနေ့က မြောက်ဥက္ကလာအကြမ်းဖက်ဖြစ်စဉ်အတွင်းမှာ ဒဏ်ရာရရှိတဲ့လူနာတွေကို ဝင်ရောက်ခေါ်ဆောင်ရင်း ရဲတပ်ဖွဲ့ထိပ်တိုက်တိုးကာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။



က္က