မနက်ပိုင်းက ပြည်မြို့ ဆန္ဒပြလူထုနဲ့ ကျောင်းသားသပိတ်ကို ဖြိုခွင်းခံလိုက်ရတာကြောင့် ဒုတိယအကြိမ် ဆန္ဒပြဖို့အတွက် လူငယ်တွေက စီစဉ်နေကြပါတယ်။
Duwun

မတ်လ ၄ ရက်နေ့ ပြည်မြို့ ၊မြို့သစ်ထဲမှာစုရပ်လုပ်ပြီး ဆန္ဒပြတဲ့ ပြည်ကျောင်းသားသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲ မှုတွေပြုလုပ်ခဲ့တာကြောင့် ရပ်ကွက်နေထိုင်သူအချို့ ရာဘာကျည်ထိမှန်မှုတွေရှိခဲ့ပါတယ်။

စစ်တပ်နဲ့ရဲဟာ ဆန္ဒပြ လူထုနဲ့ကျောင်းသားတွေကို မြို့သစ် ရပ်ကွက် လမ်းတွေထဲအထိ လိုက်လံဖမ်းဆီးတာတွေလုပ်ခဲ့ရာမှာ ရပ်ကွက်နေထိုင်သူတွေက ဝန်းရံ ကူညီခဲ့တာကြောင့် ပြည်သူတွေကိုပါ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။



" (အဖမ်းခံရတာ) မိန်းကလေးတစ်ယောက်ရှိတယ်လို့တော့ပြောတယ်ဗျ။ ကျွန်တော်တို့ကအိမ်ထဲကိုဝင်ပုန်းနေရတာဆိုတော့ မြင်တော့ မမြင်လိုက်ပါဘူး။ ရဲ-တွေရော စစ်-တွေရော တော်တော်သောင်းကျန်းသွားပါတယ်။ တံခါးတွေကိုလည်းခြေထောက်တွေနဲ့ကန်ဖျက်ဆီးသွားပါတယ်။ ကျည်ထိသူတွေလည်းရှိတယ်"လို့ ဆန္ဒပြပွဲပါဝင်သူတစ်ဦးကပြောပါတယ်။ မနက်ပိုင်းက ပြည်မြို့ဆန္ဒပြလူထုနဲ့ကျောင်းသားသပိတ်ကိုဖြိုခွဲခံလိုက်ရတာကြောင့် အခုဒုတိယအကြိမ် ဆန္ဒပြဖို့အတွက် လူငယ်တွေက စီစဉ်နေကြပါတယ်။

စစ်တပ်နဲ့ရဲ့ဟာ မတ်လ ၁ ရက်နေ့ကစပြီး ပြည်မြို့မှာ ဆန္ဒပြ လူထု ကိုအကြမ်းဖမ်း ဖြိုခွဲမှုတွေဆက်တိုက်လုပ်ခဲ့တာဖြစ်ပြီး ပြည်မြို့မှာဖမ်းဆီးခံထားရသူ သတင်းထောက်အပါအဝင် ၁၀ ယောက်ရှိနေပြီဖြစ်ပါတယ်။

ပြည်မြို့မှ ပေးပို့သော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က