စ်ယောက်ကို ပုဒ်မ-၅၀၅(က)နဲ့ကျန် ၉ ယောက်ကို ပုဒ်မ-၁၈၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

မွန်ပြည်နယ်၊သထုံမြို့က ဖေဖော်ဝါရီ ၂၈ ရက် ဆန္ဒပြပွဲမှာပါဝင်ပြီး အဖမ်းခံလိုက်ရတဲ့သူတွေထဲက တချို့ကိုပြန်လွှတ်ပေးပြီး ၁၁ ယောက်ကိုတော့ပုဒ်မတွေတပ်ပြီး သထုံမြို့နယ်တရားရုံးမှာ ဒီနေ့ မတ် ၄ ရက်က တရားစွဲဆိုခဲ့ပါတယ်။

" ၂၈ ရက်နေ့မှာအဖမ်းခံရတဲ့သူတွေထဲက ကျောင်းသားနှစ်ယောက်ကိုနောက်ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ခေါင်းဆောင်လို့ယူဆတဲ့ လူနှစ်ယောက်ကို ပုဒ်မ-၅၀၅(က)နဲ့ကျန် ၉ ယောက်ကို ပုဒ်မ-၁၈၈ နဲ့ ဒီနေ့မှာတရားစွဲဆိုထားတယ် ပုဒ်မ-၁၈၈ နဲ့တရားစွဲခံရတဲ့ ၉ ယောက်ကတော့ အာမခံရတယ်"ဟု ဖမ်းဆီးခံရသူများဘက်မှ အခမဲ့လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။ တရားစွဲဆိုခဲ့ရတဲ့ ၁၁ ဦးစလုံးကို ဒီကနေ့မှာပဲ Video Conferencing ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။



ဓာတ်ပုံ - နိုင်လင်းထွေး

သထုံမြို့မှာ တပ်မတော်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းတွေပေါ်ထွက်ပြီးဆန္ဒပြတာတွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံတွေကို လမ်းမတွေပေါ်မှာ ရေးဆွဲတာတွေ၊ တပ်မတော်အာဏာသိမ်းတာကိုဆန့်ကျင်ကြောင်းစာရေးသားတာတွေကို ပြုလုပ်လျက်ရှိကြပါတယ်။

 စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကစပြီး မြန်မာနိုင်ငံအနှံ့မှာ ဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး ဖြိုခွင်းခံရတာတွေကြောင့် သေဆုံးတာ ဒဏ်ရာရတာ ဖမ်းဆီးခံရတာတွေလည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ သထုံကဆန္ဒပြပွဲမှာပါတဲ့သူတွေထဲက ၁၃ ဦး ဖမ်းဆီးခံခဲ့ရပြီး တက္ကသိုလ်ကျောင်းသားနှစ်ယောက်ကိုတော့ မတ် ၁ ရက်နေ့မှာပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁၁ ဦးကို ဆက်လက်ဖမ်းဆီးထားတာ ယနေ့မှာ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ 

အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က