ဆန္ဒပြကျောင်းသားတွေဝင်ပြေးတယ်ဟုဆိုကာ စစ်တပ်နဲ့ရဲက နေအိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး ဖျက်ဆီးမှုတွေပြုလုပ်သွားတယ်လို့ သိရပါတယ်။
Duwun

ပြည်မြို့ မြို့သစ် ၂ လမ်းထဲက နေအိမ်တစ်အိမ်ကို ဆန္ဒပြကျောင်းသားတွေ ဝင်ပြေးတယ်ဟုဆိုကာ စစ်တပ်နဲ့ရဲက နေအိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး ဖျက်ဆီးမှုတွေ ပြုလုပ်သွားတယ်လို့ ရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။

ဘုရားတည်ဖို့အတွက် အလှူခံထားရှိတဲ့ အလှူခံပုံးတွေကိုပါ ဖျက်ဆီးပြီး အလှူငွေတချို့လည်း ရယူသွားတယ်လို့သိရပါတယ်။ "အဲ့ဒီအိမ်ကအဘွားအို သုံးယောက်နေတာပါ၊ ကျောင်းသားတွေ ဝှက်ထားတယ်ဆိုပြီး ရွှေတံခါးဘက်ကနေပြန်လာရှာတာ။ အိမ်တံခါးကို ကျောက်တုံးနဲ့ထုဖွင့်ပြီး အပေါ်ထပ်ကိုတက်သွားတယ်။ အပေါ်ကအဘွားတွေနေတဲ့အိမ်အခန်းတံခါးတွေကိုလည်းဖျက်ဆီးသွားတယ်။ CCTV သုံးခုလည်းဖျက်ဆီးသွားတယ်၊ အလှူခံပုံးနှစ်ပုံးကိုရိုက်ခွဲပြီး အလှူငွေတချို့လည်းယူသွားတယ်" လို့ ဖြစ်ပွားနေချိန်က အနီးပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ် ။



ဖျက်ဆီးဝင်ရောက်ခံရသော နေအိမ်

ကနေ့ မနက်ပိုင်းက မြို့သစ်မှာ.ကျောင်သားတွေစုရပ်လုပ်ပြီးဆန္ဒပြကြစဉ် စစ်တပ်နဲ့ရဲ ပစ်ခတ်ဖြိုခွဲ တာတွေပြုလုပ်ခဲ့တာကြောင့် ရပ်ကွက်နေသူတွေက ဆန္ဒပြလူငယ်တွေကိုကူညီခဲ့ကြတာတွေရှိပါတယ်။ ဒါကြောင့် ခုဆိုရင် စစ်တပ်နဲ့ရဲက ဆန္ဒပြ လူထုကိုကူညီတဲ့နေအိမ်တွေအထိပါ အကြမ်းဖက်ဝင်ရောက် ဖျက်ဆီးတာတွေ ၊ရှာဖွေတာတွေအထိ ပြုလုပ်လာတာတွေ့ရပါတယ်။ နောက်ပြီးမြို့သစ် ရပ်ကွက်တွေထဲမှာ ရပ်ထားတဲ့ဆိုင်ကယ်နဲ့စက်ဘီးတချို့ကိုလည်း ကားပေါ်တင်ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။


Author

  • Duwun

က္က