ဆေးလိပ်မီးကနေ လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့မတ်လ (၄)ရက်နေ့ နေ့လယ် (၂)နာရီကျော်လောက်က ဟဲဟိုးလေဆိပ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

လေဆိပ်အတွင်း မြက်ခင်းခြောက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆေးလိပ်မီးကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မီးလောင်မှုကိုတော့ အချိန် (၃)နာရီကြာငြိမ်းသတ်ခဲ့ရပြီး တခြားအဆောက်အဦးတွေ ကူးစက်လောင်ကျွမ်းခဲ့တာမရှိဘူးလို့သိရပါတယ်။



“ မြက်ခင်းခြောက်လောင်တာပါ။ မြက်ခင်းပေါ်ဆေးလိပ်မီးပစ်မိရာကနေ လောင်တယ်လို့ ယူဆတယ်ပေါ့နော်။တခြားကူးစက်လောင်ကျွမ်းတဲ့ အဆောက်အဦးတွေတော့မရှိပါဘူး” လို့ မီးလောင်ပြင်အတွင်း မီးငြိမ်းသတ်ခဲ့တဲ့ဟဲဟိုးမီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဆိုပါ မီးလောင်မှုကိုတော့ မီးသတ်ကား (၆)စီး မီးသတ်တပ်ဖွဲ့ဝင် (၃၀)နီးပါးလောက်နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။

နေ့လယ် (၂)နာရီကျော်က စဆင်လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုကိုတော့ အချိန် (၃)နာရီကျော်ကြာငြိမ်းသတ်ခဲ့ရပြီးညနေ (၅)နာရီထိုးလောက်မှာ မီးငြိမ်းခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာက မစိုးရိမ်ရဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က