နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
Duwun

အခွန်အမျိုးအစားအလိုက်ကောက်ခံပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကဦးစီးဌာန အကြီးအကဲတွေ၊ ဝန်ထမ်းတွေအနေနဲ့ မိမိတို့ ဌာနအလိုက် တာဝန်ယူစည်းကြပ်ကောက်ခံနေတဲ့ အခွန်အကောက်တွေကို စက်တင်ဘာ (၃၀) ရက်အထိ လုံးဝကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားရမယ်လို့ CRPH ရဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မတ်လ (၄) ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) နဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က (၂၀၂၀) ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေကို (၂၀၂၁) ခုနှစ် မတ်လ (၃) ရက်နေ့ ရက်စွဲနဲ့ အတည်ပြုပြဌာန်းပြီး ဖြစ်တာကြောင့် အဆိုပါ ဥပဒေအရ ဆိုင်းငံ့ထားရမယ်လို့ ဖော်ပြထားတာပါ။



၂၀၂၀ပြည့်နှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ မည်သည့်ဝန်ထမ်းကို မဆိုတည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အတည်ပြု ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


Author

  • Duwun

က္က