ပြည်မြို့ ဆန္ဒပြလူထုကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့မှုတွေလုပ်ဆောင်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ CDM မှာ ပါဝင်လာကြတာဖြစ်ပါတယ်။

ပြည်မြို့နယ် အမှတ်(၁၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ၃ ဦး စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်ဘက်မလုပ်တော့ဘဲ CDM ကိုစတင်လိုက်ပြီလို့ သိရပါတယ် ။

CDM လုပ်ဆောင်သူတွေက ရဲတပ်သား ထင်ကျော်၊ ရဲတပ်သား ဝင်းထိုက်ဦးနဲ့ ရဲတပ်သား သူရအောင်တို့ဖြစ်ပါတယ်။ ရဲတပ်သား ထင်ကျော်ကCDM မှာပါဝင်ရတဲ့အပေါ် ပြောပြတာက " မနေ့ညက ထွက်လာတာ၊ ဒီမနက်စတင်ပြီးစလုပ်တာပါ၊ကျွန်တော်တို့ကို မတရားသဖြင့်ခိုင်းစေလို့ပါ၊စစ်အာဏာရှင်စတက်ကတည်းက ကျွန်တော်တို့ကို လူသတ်‌ကောင်ပုံစံသွင်းထားကြတယ်ကျွန်တော်တို့လည်း မလုပ်ချင်ဘဲ လုပ်နေရတယ်။ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြတာကို သေနတ်နဲ့ပစ်ရာမလိုပါဘူး။ပြည်သူတွေစည်းလုံးရင် ကြာကြာမခံနိုင်မပါဘူး။ပြည်သူတွေကိုရိုက်နှက်နေတာ ဘယ်လိုမှ လက်မခံနိုင်ပါဘူး"လို့ ပြောပါတယ်။



ပြည်သူတွေနဲ့အတူ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး အာဏာရှင်စနစ် မပြုတ်မချင်း တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သူရဲ့ ဖေ့စ်ဘွတ်စာမျက်နာကနေတဆင့်လည်း ကြေညာထားပါတယ်။ နောက်ထပ်လည်း ပြည်သူနဲ့အတူ အာဏာရှင်ကိုဖြုတ်ချဖို့အတွက် CDM မှာပါဝင်ပြီးပူးပေါင်းလိုတဲ့ ရဲဝန်ထမ်းတွေရှိနေပေမယ့် လုပ်ဆောင်ဖို့အခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်မြို့ပေါ်ရှိ နယ်မြေရဲစခန်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ CDM ကို ပါဝင်မှုရှိထားပါတယ်။

ပြည်မြို့ ဆန္ဒပြလူထုကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့မှုတွေလုပ်ဆောင်ပြီးနောက်မှာ ပြည်မြို့က ရဲတပ်ဖွဲ့ဝင်တွေ CDM ကိုပါဝင်လာကြတာဖြစ်ပါတယ်။

ပြည်မြို့မှ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က