ရဲတပ်ဖွဲ့မှာ မိုးကျရွှေကိုယ်တွရှိနေလို့ သူတို့လက်အောက်ဖြစ်နေလို့ အခုလိုဖြစ်နေရတာလို့ ဆိုပါတယ်။
Duwun

နေပြည်တော် အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်သား ၄ ဦီးဟာ ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ  CDM ကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ CDM ပါဝင်တဲ့ ရဲတပ်သားတစ်ဦးက ပြောပါတယ်။


ပြည်သူလက်မခံတဲ့ ပြည်သူ့ရဲမဖြစ်ချင်တာကြောင့် စစ်ကောင်စီအောက်မှာအလုပ်မလုပ်တော့ဘဲ ဒီနေ့ကစပြီး CDM ကိုလုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်။



"နေပြည်တော် လုံခြုံရေးတပ်ဖွဲ့ရဲတပ်ရင်း ၁၈၊ လွှတ်တော်လုံခြုံရေးက ရဲတပ်သားတွေကြီးပဲ ဒီနေ့လုပ်တာပါ။CDMလုပ်ဖို့စီစဉ်နေတဲ့ချိန်မိပြီးတော့အဖမ်းခံခဲ့ရတယ်၊အကျယ်ချုပ်တဲ့ အချိန်တွင်းမှာ တိုးတိုးတိတ်တိတ်စီစဉ်ခဲ့ရတယ်။ တရားဝင်အစိုးရမဟုတ်တဲ့ စစ်အာဏာရှင်လက်အောက် မှာ ဆက်မလုပ်ချင်လို့ ပြည်သူလက်မခံတဲ့ပြည်သူ့ရဲမဖြစ်ချင်ဘူး။ ပြီးတော့ရဲတပ်ဖွဲ့ကိုလည်း ကိုယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစေချင်တဲ့ဆန္ဒနဲ့ပါ။ ရဲတပ်ဖွဲ့မှာ မိုးကျရွှေကိုယ်တွရှိနေလို့ သူတို့လက်အောက်ဖြစ်နေလို့ အခုလိုဖြစ်နေရတာပါ၊ ပြီးတော့ရဲတပ်ဖွဲ့တခုလုံးကိုလည်း ထိုးကျွေးနေတယ် အတုတွေလုပ်ပြီးတော့။ဒါကြောင့် CDM လုပ်ဖို့ဖမ်းထားတဲ့ကြားကနေရအောင်ထွက်ခဲ့တာ။ပြီးတော့အထက်အရာရှိကပြောတာရှိတယ် တခြားCDM လုပ်တဲ့ဝန်ထမ်းတွေကိုသာ အလုပ်ပြန်ခန့်လို့ရချင်ရမယ်၊ရဲတပ်ဖွဲ့မှာပြန်မခန့်ဘူး၊ဆိုက်ကားသမားအဖွဲ့စည်းမဟုတ်ဘူးတဲ့"လို့ CDM ပါဝင်တဲ့ရဲတပ်သားတစ်ဦးကပြောပါတယ်။

ပြည်သူအာဏာပြန်ရတဲ့အချိန်ထိ CDM. ကိုလုပ်ဆောင်ပြီး ပြည်သူနဲ့ တစ်သားတည်းရပ်တည်သွားမယ်လို့ပြောပါတယ်။ အခုဆိုရင် နေပြည်တော် အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေထဲက ၁၀ ဦးကျော် CDM မှာပါဝင်မှုရှိနေပြီး အဲ့ဒီထဲ မှာ ဒုရဲအုပ်တစ်ဦးပါဝင်တယ်လို့ သိရပါတယ်။


Author

  • Duwun

က္က