ကျောက်ပန်းတောင်းက ဆန္ဒပြလူထုဟာ ဆန္ဒပြလမ်းကြောင်းကို လမ်းမကြီးအစား လမ်းကြားတွေထဲမှာ ပြုလုပ်ခဲ့ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၆ ရက်နေ့ မနက်ပိုင်းက ကျောက်ပန်းတောင်းမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြလူထုစစ်ကြောင်းသပိတ်ကို စစ်တပ်နဲ့ရဲကမျက်ရည်ယိုဗုံးသုံပြီး ဖြိုခွဲခဲ့တယ်လို့ ဆန္ဒပြပြည်သူတစ်ဦးကပြောပါတယ်။

ကျောက်ပန်းတောင်းက ဆန္ဒပြလူထုဟာဆန္ဒပြလမ်းကြောင်းကို လမ်းမကြီးအစားလမ်းကြားတွေထဲမှာပြုလုပ်ခဲ့တာကို စစ်တပ်နဲ့ရဲကသိရှိပြီးလမ်းထိပ်ကနေပိတ်ကာ မျက်ရည်ယိုဗုံးသုံးဖြိုခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရာဘာကျည်နဲ့ပစ်ခတ်ခဲ့တာလည်းရှိတယ်လို့သိရပါတယ်။ "သူတို့နဲ့တွေ့တော့ လူစုခွဲဖို့လုပ်ရင်းဖြစ်သွားတာအဖမ်းခံရသူ မရှိဘူး။ မျက်ရည်ယိုဗုံးသုံးတယ်။ ရာဘာကျည် ဖောက်တယ်။ ထိခိုက်ဒဏ်ရာမရှိဘူး။"လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးကပြောပါတယ်။ 



စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးသုံးဖြိုခွဲမှုအပေါ် ဆန္ဒပြလူထုကတော့အချိန်မီလူစုခွဲလိုက်နိုင်တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သလို ဖမ်းဆီးခံလိုက်ရသူလည်းမရှိဘူးလို့ သိရပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ ဆန္ဒပြလူထုကိုလူစုခွဲဖို့ အသိပေးတာမရှိဘဲ မျက်ရည်ယိုဗုံးသုံးပြီးစတင်ဖြိုခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ် ။

စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားအများအပြားသုံးပြီး မနက်ပိုင်းကတည်းက ကျောက်ပန်းတောင်း မြို့ပေါ်မှာ လည့်လည်နေတာဖြစ်ကာ ရပ်ကွက်တွေထဲအထိ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ကျောက်ပန်းတောင်းမြို့မှာ အာဏာရှင်ကိုဆန့်ကျင်နေတာဟာရက် ၂၀ ကျော်ရှိပြီး ဒီနေ့မှာ ပထမဆုံးအကြိမ်ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြသူတစ်ဦဖမ်းဆီးခံရမှုရှိထားတယ်လို့သိရပါတယ်။

ပြည်မြို့မှပေးပို့သော သတင်းဖြစ်ပါသည်။



က္က