CDM မှာ ပါဝင်လာသူ ရဲတပ်သားသုံးဦးစလုံးက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်ကြေညာ ရေးသားထားပါတယ်။
Duwun

ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့၊ ညောင်ဦးမြို့မရဲစခန်းက ရဲတပ်သား သုံးဦး ဒီကနေ့ မတ်လ ၆ရက်နေ့ကစပြီး  စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိပြည်သူနဲ့အတူရပ်တည်သွားမယ်ဟုဆိုကာ CDM မှာပါဝင်လာတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့မရဲစခန်းက ရဲတပ်သား လှိုင်ပွားအောင် လ -၂၇၆၂၀၄၊ ဇင်ကိုနိုင် လ-လ၂၇၆၄၄၅၊ သန်းဇော် လင်း လ-၂၇၅၉၂၅တို့ သုံးဦး CDM လုပ်ဆောင်တာဖြစ်ပါတယ်။ "စစ်အာဏာရှင်ရဲ့ မတရားသောအမိန့်နဲ့ တာဝန်အားထမ်းဆောင်လိုခြင်းမရှိပါ။ ဒါကြောင့် CDM တွင်ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိပြည်သူနဲ့အတူရပ်တည်သွား မှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှထွက်ပြေးခြင်းမဟုတ်ပါ။ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူရပ်တည်ခြင်းဖြစ်တယ်။"လို့ CDM မှာပါဝင်လာသူ ရဲတပ်သားသုံးဦးစလုံးက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်ကြော်ငြာရေးသားထားပါတယ်။ 



ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီးအာဏာရယူခဲ့တဲ့တပ်မတော်အစိုးရဟာပြည်သူတွေကို မတရားဖိနှိပ်ချုပ်ချယ်ခြင်း၊ ဥပဒေဒမဲ့အကြမ်းဖက်ဖြိုခွဲခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုမတရားအမိန့်ပေးခိုင်းစေခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ယူနီဖောင်းတွေကို ရဲတပ်ဖွဲ့ဝင်မဟုတ်သူတွေကိုဝတ်စေပြီး ပြည်သူလူထုကိုအကြမ်းဖက်နှိပ်စက်ခြင်းတွေ့ရှိရတာကြောင့် CDM လုပ်ပြီးပြည်သူနဲ့အတူရပ်တည်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့အစိုးရ အာဏာပြန်ရရှိတဲ့အခါမှသာ တာဝန်တွေကို ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့လည်း ရဲတပ်သား သုံးဦးလုံးက ရေးသားထားပါတယ်။ အခုလို ညောင်ဦးမြို့မရဲစခန်းက ရဲတပ်သားသုံးဦး CDM ပါဝင်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တစ်ဦးကလည်း ဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုပါတယ်။

ပြည်မြို့မှပေးပို့သောသတင်းဖြစ်ပါသည်။


Author

  • Duwun

က္က