ည်အစစ်သုံးခဲ့တဲ့ ပုဂံမှာ ဒေသခံလူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူများ လည်းရှိခဲ့ကြောင်း နဲ့ ညောင်ဦးသပိတ်စစ်ကြောင်းဖြိုခွဲခံရမှုမှာတော့ ဒေသခံတစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
Duwun

ဒီကနေ့ (မတ်လ ၇ ရက်) မနက်ပိုင်း ဆန္ဒပြဖို့လူစုနေတဲ့ ပုဂံဒေသက လူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့သလို၊ ညောင်ဦး ဆန္ဒပြသပိတ်စစ်ကြောင်းကိုလည်း ပစ်ခတ်ဖြိုခွဲမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ပုဂံက လူစုနေတာကို ပစ်ပြီးဖြိုခွဲတာ၊ ကျည်အစစ်ပါ သုံးတယ်သိရတယ်။ ထိခိုက်သူရှိခဲ့တယ်။ လက်ရှိသူတို့က ဗိုလ်ချုပ်ကျောက်ရုပ်နား၊kbz ဘဏ်နားမှာ တပ်စွဲထားတာတွေ့ရတယ်"လို့ ပုဂံဒေသခံ တစ်ဦးကပြောပါတယ်။ ကျည်အစစ်သုံးခဲ့တဲ့ ပုဂံမှာ ဒေသခံလူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူများ လည်းရှိခဲ့ကြောင်း နဲ့ ညောင်ဦးသပိတ်စစ်ကြောင်းဖြိုခွဲခံရမှုမှာတော့ ဒေသခံတစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။



"မြို့ထဲဘုရားနားမှာလူစုဖို့လုပ်ချိန် ရဲနဲ့စစ်တပ် ရောက်လာလို့ နေရာပြောင်းလူစုရင်းနဲ့ ဈေးနားကို ရောက်သွားတယ်။ ရောက်တော့ ဈေးနားက ပြည်သူတွေက သူတို့ကို သံပုံးတီးပြီး ဆန္ဒပြတော့ ခဏအကြ ာသူတို့ထွက်သွားတယ်။၅ မိနစ်တောင် မကြာဘူး။ ဈေးဘက်ကို ပြန်ဆုတ်လာပြီး သေနတ်နဲ့ ပစ်ဖောက်တာပဲ။ နောက်ရပ်ကွက်တွေထဲအထိ လိုက်ပစ်တယ်။ ၄ ယောက်ကားပေါ်ပါသွားတယ်လို့ ကြားရတယ်"လို့ တစ်ဦးကပြောပြပါတယ်။

ပုဂံ ဖြိုခွဲမှုကို မနက် ၉ နာရီခွဲကျော်လောက်မှာ စစ်တပ်နဲ့ ရဲက ပုဂံဈေးကြီး အနီးလမ်းကြားကနေ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျည်အစစ်၊ ရာဘာကျည် အချက် ၂၀ ကျော်ပစ်ဖောက်ကာ ဆန္ဒပြလူထုကို ဖြိုခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ညောင်ဦးဖြိုခွဲမှုကတော့ ခြေကျင်သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒပြချိန်ညောင်ဦး ပန်းခြံ မြောက်ဘက်မှာ ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာဖြစ်လို့သိရပါတယ်။

အလွတ်တန်းသတင်း‌ထောက် ပေးပို့သော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က