လူပေါင်း ၂၀ ကျော်ဖမ်းဆီးခံလိုက်ရပြီး ဖမ်းဆီးခံရသူထဲမှာ ဒဏ်ရာအပြင်းထန်ရရှိသူရှိခဲ့ရာ လက်ရှိမှာ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။

တိုက်ကြီးမြို့က ဒီနေ့ မနက်ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်တွေသုံးပြီး အချိန် ၃ နာရီထက်မနည်း ကြာအောင် အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုဖြစ်စဉ်မှာ လူပေါင်း ၂၀ ကျော်ဖမ်းဆီးခံလိုက်ရပြီး၊ ဖမ်းဆီးခံရသူထဲမှာ ဒဏ်ရာအပြင်းထန်ရရှိသူရှိခဲ့ရာ လက်ရှိမှာ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။



" ဖမ်းခံထိထားတဲ့အထဲမှာ ဒဏ်ရာရသူရှိတယ်။ ရိုက်ပြီးဖမ်းတာကြောင့် ခေါင်းကိုထိ ဒဏ်ရာရခဲ့တယ်။ ရတဲ့အချိန်ဆေးကုခွင့်လည်း မပေးဘူး။ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေချိန်မှာ သေနတ်နဲ့စပစ်တာပဲ။ နောက်တော့မှ ဒဏ်ရာရသူက သွေးထွက်လွန်လို့လားမသိ ဆေးကုဖို့ လုပ်ခိုင်းတယ်။ ပြန်တော့လွှတ်မပေးဘူး။ သူတို့က ရာဘာကျည်နဲ့ အရင်ပစ်ပါတယ်။ ပြီးတော့ ရိုက်ဖမ်းပါတယ်။ ကားပေါ်မှာ လည်းရိုက်တာတွေ့ပါတယ်"လို့ ဆန္ဒပြပါဝင်သူဒေသခံက ပြောပြပါတယ်။

စစ်တပ်နဲ့ရဲဟာ တိုက်ကြီးမြို့မှာရပ်ကွက်တွေထဲအထိ လိုက်လံပစ်ခတ်ခဲ့သလို၊ ဆန္ဒပြသူတွေကိုရိုက်နှက်တာ၊ မျက်ရည်ယိုဗုံးသုံးတာ၊ရာဘာကျည်အပြင် ကျည်အစစ်တွေပါသုံးခဲ့တယ်လို့သိရပါတယ်။ တိုက်ကြီး ဆန္ဒပြ လူထုကို မနက် ၉ နာရီလောက်ကတည်းကစပြီး စစ်တပ်နဲ့ရဲက သေနတ်ပစ်ဖောက်ဖြိုခွဲခဲ့တာဖြစ်ပြီး ပစ်ခတ်ဖြိုခွဲမှုဟာ နေ့လည် ၁ နာရီကျော်လောက်မှ အဆုံးသတ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ပေးပို့ထားသော သတင်းဖြစ်ပါသည်။



က္က