ပရဟိတကားတွေကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။

မန္တလေးမြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစုပေါင်းထိုင်သပိတ်ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲကအကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆန္ဒပြပြည်သူ (၁၀၀) နီးပါးဖမ်း ဆီးခံရပြီး တစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ (၇) ရက် မနက် ၉ နာရီခွဲခန့်ကစတင်ပြုလုပ်တဲ့ ဒီထိုင်သပိတ်ဆန္ဒပြပွဲကို မနက် (၁၁) နာရီဝန်းကျင်ခန့်မှာ စစ်တပ်နဲ့ရဲကဝင်ရောက်ဖြိုခွင်းခဲ့တာဖြစ်ပြီး ထွက်ပြေးပုန်းအောင်းနေသူတွေကို တစ်နေကုန်လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ညနေ (၄) နာရီအထိ Duwun ကရရှိထားတဲ့စာရင်းအရ ဖမ်းဆီးခံပြည်သူ (၉၇) ဦးရှိခဲ့ပြီလို့လည်း သိရပါတယ်။ 



ဒါ့အပြင် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြပြည်သူတွေကိုချက်ချင်းဖမ်းဆီးရမိခြင်းမရှိလို့ ပရဟိတအသင်းကားနှစ်စီးကို ရိုက်ချိုးဖျက်ဆီးသွားတာကိုလည်းတွေ့ရတယ်လို့ အခင်းဖြစ်နေရာကို ရောက်နေတဲ့ Duwun သတင်းထောက်က သတင်းပေးပို့ချက်အရ သိရပါတယ်။ 

မန္တလေးမြို့မှာ နေ့စဉ် ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေရှိခဲ့ပေမယ့်လည်း ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေး လူအင်အားသောင်းချီပါဝင်တဲ့ထိုင်သပိတ်ဆန္ဒပြပွဲကြီးကို အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၈၆ လမ်းနဲ့ ၈၉ လမ်းတစ်လျှောက် ပြုလုပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ အစိုးရဝန်ထမ်းတွေစတဲ့ အလွှာပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။



က္က