"ကျွန်တော့်လုပ်ရပ်အတွက် နောင်တမရပါဘူးဒီလိုစစ်အာဏာရှင်လက်အောက်မှာ ပြည်သူလူထု အမုန်းခံနေမယ့်အစားပြည်သူနဲ့အတူ စစ်အာဏာရှင် အစိုးရကို အတူတူ တိုက်ထုတ်ချင်လို့ပါ"
Duwun

ရန်ကုန် အပါအဝင် ပြည်မြို့၊ပေါင်းတည်မြို့ ၊ ‌‌ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ နေပြည်တော်၊မအူပင်တို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး နဲ့ မကွေးတိုင်းထဲက မြို့နယ်တရားသူကြီးတစ်ဦး၊ ဒုမြို့နယ် တရားသူကြီးတစ်ဦးတို့က ယခုတစ်ပတ်ပိတ်ရက် (မတ်လ ၆ ရက်နဲ့ ၇ ရက်) အတွင်း CDM လှုပ်ရှားမှုမှာ ထပ်မံပါဝင်လာပါတယ်။

မကွေးတိုင်းထဲက CDM ပါဝင်တဲ့ တရားသူကြီးတွေက တောင်တွင်းကြီးမြို့၊ မြို့နယ်တရားသူကြီး ဒေါ်စန်းသီတာအောင်နဲ့ မင်းလှမြို့နယ်၊ ဒုတိယမြို့နယ်တရားသူကြီးဦးဒွန်းအောင်တို့ ဖြစ်ပါတယ်။ ဦးဒွန်းအောင်က လက်ရှိအချိန်က ပြည်သူတွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်ပေးနိုင်မယ့် အခြေအနေတေေွ မရှိတော့ဟု ယူဆမိတာကြောင့် CDMတွင် ပူးပေါင်းပါဝင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။



ရဲတပ်ဖွဲ့ဝင်တွေကမူ ပြည်သူတွေအေပါ်အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့တာကြောင့် CDM. ကိုပါဝင်ပြီး ပြည်သူနဲ့ အတူရပ်တည်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော့်လုပ်ရပ်အတွက် နောင်တမရပါဘူးဒီလိုစစ်အာဏာရှင်လက်အောက်မှာ ပြည်သူလူထု အမုန်းခံနေမယ့်အစားပြည်သူနဲ့အတူစစ်အာဏာရှင် အစိုးရကို အတူတူ တိုက်ထုတ်ချင်လို့ပါ။ပြည်သူတွေဆန္ဒပြတဲ့နေရာကို တာဝန်အရတော့ သွားခဲ့ရပါတယ်။ဒါပေမယ့်ပြည်သူလူထုကို ဖြိုခွင်းတဲ့အထဲမှာတော့မပါဝင်ခဲ့သေးပါဘူးကျွန်တော့်တို့အဖွဲ့က နောက်ချန်အနေနဲ့ပါဝင်ရတာပါ"လို့ ရဲတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။

CDM ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် (၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား နှစ်ဦး၊ ပြည်မြို့နယ်အတွင်းမှ ရဲတပ်သား လေးဦးနဲ့ ရဲမေတစ်ဦး၊ ပေါင်းတည်မြို့နယ် မြို့မရဲစခန်းနဲ့ မှတ်တိုင်နယ်မြေရဲစခန်းက ရဲတပ်သား သုံးဦး၊ နေပြည်တော် အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်သားတစ်ဦး၊ ကျောက်ပန်းတောင်းမြို့မရဲစခန်းက ရဲတပ်သားတစ်ဦး၊ မအူပင်မြို့မရဲခန်းက ရဲတပ်သားတစ်ဦး၊ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့နဲ့ အမှတ်(၃)ရဲစခန်းမှ ရဲတပ်သား သုံးဦးတို့ ဖြစ်ပါတယ်။

ပြည်သူ့အစိုးရ ပြည်သူ့အာဏာရရှိမှသာ တာဝန်ကိုပြန်လည်ထမ်းဆောင်မယ်လို့ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်မြို့ က CDM လုပ်တဲ့ရဲဝန်ထမ်း ၁၀ ယောက်ကျော်ရှိထားပြီး နေပြည်တော် အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ကဆိုရင်လည်း ၁၀ ယောက်ကျော် ရှိထားပါတယ်။ ဒီနေ့မှာ ကျန်တိုင်းနဲ့ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေတချို့လည်း CDM လုပ်ဆောင်မှုရှိနေတယ်လို့ သိရပါတယ်။


Author

  • Duwun

က္က