သတင်းဌာနကို သတင်းပေးပို့လို့လို့ သိရပါတယ်။
Duwun

ဒီကနေ့ မနက်ပိုင်းက ပုဂံဒေသ အကြမ်းဖက်ဖြိုခွဲမှုမှာ ဖမ်းဆီးခံလိုက်ရသူ ၆ ဦးအနက် ၅ ဦးကို ညနေပိုင်းမှာပြန်လွှတ်ပေးခဲ့ပြီး တစ်ဦးကိုတော့ပြန်မလွှတ်ဘဲ ညောင်ဦးထောင်ကိုပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆက်လက်ဖမ်းဆီးထားသူက လက်ရှိဖြစ်နေတဲ့ ဆန္ဒပြသတင်းတွေကို သတင်းဌာနကြီးအချို့ထံပေးပို့နေကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ပြန်မလွှတ်ဘဲ ထောင်ကိုပို့လိုက်တာဖြစ်တယ်လို့ စခန်းက ပြောဆိုတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "ပုဂံစခန်းမှာ ခြောက်ယောက်ဖမ်းတာ ငါးယောက်လွတ်၊တစ်ယောက်ပဲကျန်တယ်။ အာမခံနဲ့ပေါ့။ နေ့လယ် နှစ်နာရီလောက်က အာမခံရှာခိုင်းတာ၊ ညနေခြောက်နာရီလောက်ကျ လွှတ်တယ်။ အခု



ကိုကျော်မင်းတစ်ယောက်ပဲကျန်တယ်။ DVB ကို သတင်းပို့ထားတာတွေတွေ့လို့တဲ့။ ညောင်ဦး ထောင်ကြီးချုပ်လို့ သိရတယ်"လို့ ဖမ်းဆီးခံရပြီး ပြန်မလွှတ်သေးတဲ့ ကိုကျော်မင်း ရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။ ကိုကျော်မင်းသည် ပုဂံမြိုခံ ဓာတ်ပုံသမားတစ်ဦးဖြစ်ပြီး ဆန္ဒပြမှုကို ဓာတ်ပုံရယူရန်လိုက်ပါစဉ် အကြမ်းဖက်ဖြိုခွဲမှုမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

"ပြေလည်မယ် ၊ပြေလည်မယ်ဆိုပြီး ညှိနေရင်းနဲ့ သူတို့က ကားတွေစက်နှိုးပြိး တင်ခေါ်သွားတာ။အဲ့ဒါပဲအမသိလိုက်ရတယ်။ ဆန္ဒပြတာမဟုတ််ဘူး။သွားကြည့်ရင်းနဲ့ပါသွားတာ။ ဖမ်းခံရသူအကုန်လုံးထဲ ကျန်သူလွတ်ပြီး သူတစ်ယောက်ပဲကျန်တယ်"လို့ ကိုကျော်မင်းရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ပုဂံရဲစခန်းကနေ ညောင်ဦး ထောင်ကို ပို့ဆောင်ခံလိုက်ရပြီး ဘယ်ပုဒ်မနဲ့အမှုဖွင့်အရေးယူထားသလဲဆိုတာ မသိရသေးပါဘူး။

ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက်ပိုင်းက ပုဂံရှေးဟောင်းဇုန်မှာ ဆန္ဒပြဖို့ လူစုနေတဲ့ လူထုကို စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွဲမှုတွေလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာ လူ ၆ ယောက်ဖမ်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ပါတယ်။ ဒီနေ့မနက် ညောင်ဦးသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံလိုက်ရသူတစ်ဦးလည်း အခုချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က