မတ်လ (၈) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။
Ei Ei Htun

နိုင်ငံ့ဝန်ထမ်းတွေကို အတိုးမဲ့ချေးငွေအဖြစ် ချေးထားပေးခဲ့တဲ့ ချေးငွေ (၂)လစာကို ပြန်လည်ပေးဆပ်ရန်မလိုဘဲချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကနေ့ မတ်လ (၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ယခုကာလဟာ ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ်ပွါးနေတဲ့အပြင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်းပိုက်ရယူထားတဲ့ကာလဖြစ်တာကြောင့် နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးကို ရှေးရှုပြှး အဆိုပါချေးငွေကို ပြန်လည်ပေးဆပ်ရန်မလိုဘဲ ချီးမြှင့်ငွေအဖြစ် သတ်မှတ်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။



အဆိုပါ ချေးငွေကို ကိုဗစ် ၁၉ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုအပေါ် ကုစားနိုင်ရန်အတွက်၂၀၂၀အောက်တိုဘာလက နိုင်ငံ့ဝန်ထမ်းတွေကို ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။ အတိုးမဲ့ချေးငွေအဖြစ်ထုတ်ချေးပေးခဲ့တာဖြစ်ပြီး စတင်ထုတ်ချေးပေးတဲ့ လကနေ ဆိုင်းငံ့ကာလ (၆)လ ပြန်ဆပ်ကာလ (၁)နှစ်သတ်မှတ်ပြီး ထုတ်ချေးပေးခဲ့တာပါ။

ဆိုင်းငံ့ကာလ(၆)လက ၂၀၂၁ခုနှစ် ဧပြီလ (၁)ရက်နေ့မှာ အချိန်စေ့မှာဖြစ်ပြီး ချေးငွေယူထားတဲ့ဝန်ထမ်းတွေအနေနဲ့ ၂၀၂၀ဧပြီလမှ စတင်ကာ အချိူးကျပြန်လည်ပေးဆပ်ရတော့မှာပဲဖြစ်ပါတယ်။ ယခုအခါတော့ အဆိုပါချေးငွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ချီးမြှင့်ငွေအဖြစ်သတ်မှတ်ပေးခဲ့တာကြောင့် ဝန်ထမ်းတွေအနေနဲ့ ပြန်လည်ပေးဆပ်ရတော့မှာမဟုတ်ပါဘူး။ ချေးငွေထုတ်ယူထားတဲ့သူတွေထဲမှာ ဝန်ကြီးဌာန (၂၅)ခုက ဝန်ထမ်းတွေအများစုပါဝင်ပြီး နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းဝန်ထမ်း)တွေလည်းပါဝင်ပါတယ်။


Author

  • Ei Ei Htun

    Content Writer/Reporter


က္က