မြစ်ကြီးနားခရိုင်အတွင်းက ထွေအုပ်ဝန်ထမ်းတွေဟာ ဖေ ဖော်ဝါရီ ၈ ရက်ကနေစပြီး မတ် ၇ ရက်အထိ ရက်ခြားဆိုသလိုပဲ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။
Duwun

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်လာကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းစုစုပေါင်းက မတ် ၇ ရက်အထိ ၇၇ ယောက်ရှိလာပြီဖြစ်ပါတယ်။


"ကျွန်တော်တို့ကို CDM လှုပ်ရှားမှုမှာပါဝင်ဖို့တိုက်တွန်းခေါ်ယူတဲ့သူတစ်ယောက်မှမရှိဘူး။ ကိုယ့်သဘောနဲ့ကိုယ် စစ်အာဏာရှင်ကို အလိုမရှိလို့ စစ်အ ဏာရှင်လက်အောက်မှာ ဆက်ပြီးလုပ်ကိုင်လိုခြင်းမရှိတော့လို့ အခုလိုပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပူးပေါင်းပါဝင်လာကြတာပါ။ ပြည်သူ့အစိုးရ ပြန်ပြီးအာဏာရမှသာ ကျွန် တော်တို့ အလုပ်ပြန်ဝင်မယ်။ ပြည်သူတွေပေးတဲ့ လစာကိုလည်း ကျွန်တော်တို့က မလိုအပ်ဘဲ လက်မခံပါဘူး။ လက်မခံရတဲ့အကြောင်းရင်းကလည်း ကျွန်တော်တို့ထက်ပိုပြီးငွေကြေးလိုအပ်တဲ့ တ ခြား CDM မှာပါဝင်လှုပ်ရှားနေကြတဲ့ဝန်ထမ်းတွေများများရရှိအောင်လို့ပါ။ ကျွန်တော်တို့လည်း လိုအပ်လာတဲ့တစ်ချိန်မှာ ပြည်သူကပေးတဲ့ လစာကို လက်ခံသွားမှာပါ"လို့ မြစ်ကြီးနားမြို့နယ်၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။




ဓာတ်ပုံ - မြစ်ကြီးနားမြို့နယ်ထွေအုပ်

မြစ်ကြီးနားခရိုင်အတွင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသီးသီးမှ ာတာဝန်ထမ်းဆောင်နေကြတဲ့ ထွေအုပ်ဝန်ထမ်းတွေဟာ ဖေ ဖော်ဝါရီ ၈ ရက်ကနေစပြီး မတ် ၇ ရက်အထိ ရက် ခြားဆိုသလိုပဲ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြတာဖြစ်ပါတယ်။ အဲဒီလို ပါဝင်လာရာမှာ မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန် ထမ်း ၁၁ ယောက်၊ မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၂ ယောက်၊ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခြောက်ယောက်၊ မြစ်ကြီးနားခရိုင်အတွင်းမှာပါဝင်တဲ့ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နှစ်ယောက်၊ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၂ ယောက်၊ဆော့လော်မြို့နယ်က နှစ်ယောက်နဲ့အင်ဂျန်းယန်မြို့နယ်က ၁၂ ယောက်(စုစုပေါင်း ၇၇ ယောက်)ဖြစ်ပါတယ်။

  CDM လှုပ်ရှားမှာမှာပါဝင်လာတဲ့ မြစ်ကြီးနားခရိုင်အတွင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း ၇၇ ယောက်ရဲ့ရာထူးအလိုက်ပါဝင်မှုက အကြီးတန်းစာရေးက ခုနှစ်ယောက်၊အ ငယ်တန်းစာရေးက ၁၅ ယောက်၊စီမံ တစ်ယောက်၊စာရင်းကိုင် ၄ က ခုနှစ်ယောက်၊စာရင်း ကိုင် ၃ က နှစ်ယောက်၊ ဒုလက်ထောက်ကွန်ပျူ တာလုပ်ဆောင်ရေးမှူးက တစ်ယောက်၊အငယ်တန်းလက်နှိပ်စက်စာရေးက နှစ်ယောက်၊အငယ်တန်းစာရေး(ရပ်/ကျေး)က ၃၉ ယောက်နဲ့ရုံးအကူ သုံးယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မြစ်ကြီးနားခရိုင်အတွင်းမှာရှိတဲ့ CDM လှုပ်ရှားမှုမှာပါဝင်နေကြသူ ဝန်ထမ်းတွေကို အလှူရှင်တွေက ဂုဏ်ပြုတဲ့အနေနဲ့ ဝန်ထမ်းတွေလိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေကို ပေးအပ်လှူဒါန်းနေကြပါတယ်။

အလွတ်တန်းသတင်းထောက် ကျော််််််သူပေးပို့တဲ့သတင်းဖြစ်ပါသည်။


Author

  • Duwun

က္က