CDM လှုပ်ရှားမှာမှာ လက်ထောက်ညွှန်ကြားရေးမှူးတွေ၊ ဦးစီးအရာရှိတွေ၊ ပါမောက္ခချုပ်တွေနဲ့ ကထိကတွေလည်း ပါဝင်လာကြပါတယ်။

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှာ ယနေ့ (မတ် ၈ ရက်) အထိ လက်ထောက်ညွှန်ကြားရေးမှူးခြောက်ဦး၊ ဦးစီးအရာရှိ ၃၂ ဦးအပါအ ဝင် CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ ဝန်ထမ်းပေါင်း ၅၅၃ ဦးအထိရှိလာပြီဖြစ်တယ်လို့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ CDM လုပ် ဆောင်နေကြတဲ့ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

"ပြည်သူ့အတွက် စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ဆီအရောက်သွားကြမယ့် CDM လှုပ်ရှားမှုမှာ ကျွန်တော်တို့သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနလက်အောက်မှာရှိတဲ့ ဝန်ကြီးရုံး၊ ဦးစီးဌာန/တက္ကသိုလ်တွေထဲက သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ယဉ်ကျေးမှုဝန်ကြီးရုံး၊ အနုပညာဦးစီး ဌာန၊သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့် တိုက်ဦးစီးဌာန၊အမျိုးသားယဉ်ကျေးမှုအနုပညာတက္ကသိုလ်(မန္တလေး)တိို့က CDM ဝန်ထမ်းစာရင်းကို ဒီနေ့ မတ် ၈ ရက်မှာ ဂုဏ်ယူလေးစားစွာဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်"လို့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းတစ်ယောက်ကပြောပါတယ်။



ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ဦးစီးဌာန/တက္က သိုလ်တွေက CDM လှုပ်ရှားမှုမှာပါဝင်ကြတဲ့ ဝန် ထမ်းတွေရဲ့စာရင်းကိုလည်း ထပ်မံပြီးထုတ်ပြန် ကြေညာပေးသွားမှာဖြစ်တာကြောင့် ဦးစီး ဌာန/တက္ကသိုလ်တွေက CDM ဝန်ထမ်းစာရင်းကို သက်ဆိုင်ရာဌာနအလိုက် ဦးဆောင်သူပြည်သူ့ ဝန်ထမ်းတစ်ယောက်က စာရင်းပြုစုပြီးပေးပို့ဖို့ကိုလည်း မှာကြားထားတယ်လို့ သိရပါတယ်။

"အခက်အခဲများစွာကြားကနေ အာဏာရှင်ကို ဆန့်ကျင်လိုစိတ်နဲ့ ဖေဖော်ဝါရီ ၈ ရက်လောက်ကစပြီး CDM လှုပ်ရှားမှုမှာဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာကြတာ အခုချိန်ထိအားတင်းပြီး CDM ကို ခိုင်ခိုင်မာမာ လုပ်ဆောင်ပေးခဲ့ကြတဲ့ ပြည်သူ့ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းကို ပြည်သူလူထုနှင့်အတူ အထူးကျေးဇူးတင် ဂုဏ်ယူပါတယ်"လို့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနက ဦးစီးအရာရှိတစ်ယောက်ကပြောပါတယ်။

  သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန လက် အောက်မှာရှိတဲ့ သာသနာရေးဦးစီးဌာနက ဝန် ထမ်း ၈၃ ဦး ၊သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနအောက်မှာရှိတဲ့ ရုံးချုပ်၊တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီး၊မြို့နယ်တွေက ဝန်ထမ်း ၈၃ ဦး၊ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်က ဝန်ထမ်း ၁၉၆ ဦး၊အနုပညာ၊ သမိုင်းသုတေသနဦးစီးဌာနများနှင့်ဝန်ကြီးရုံးက ဝန်ထမ်း ၄၂ ဦး၊အမျိိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) စီမံရေးရာ အင်ဂျင်နီယာဌာနက ဝန်ထမ်း ၁၅ ဦး၊ပန်းပုပညာဌာနက ဝန်ထမ်း ၁၀ ဦး၊သင်တန်းရေးရာဌာနက ဝန်ထမ်း ၁၀ ဦး၊ စာပေပညာဌာနက ဝန်ထမ်း ၁၁ ဦး၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနက ဝန်ထမ်း ၉ ဦး၊ သဘင်ပညာဌာနက ဝန်ထမ်း ၁၀ ဦး၊ပန်းချီပညာဌာနက ဝန်ထမ်း ၁၄ ဦးနဲ့ ဂီတပညာဌာနက ဝန်ထမ်း ၁၆ ဦးတို့ဟာ CDM လှုပ်ရှားမှုမှာပါဝင်လာကြတာဖြစ်ပါတယ်။

ဒါ့့အပြင် အနုပညာဦးစီးဌာန၊ထုတ်လုပ်ဌာနခွဲ(မန္တလေး)ကဝန်ထမ်း ၂၁ ဦး၊လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ(မန္တလေး) ပန်တျာဌာန အနု ပညာအထက်တန်းကျောင်းက ဝန်ထမ်း လေးဦး၊လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ(ရန်ကုန်)က ဝန်ထမ်း ၁၄ ဦး၊ ထုတ်လုပ်ဌာန(ရန်ကုန်)က ဝန်ထမ်း ၁၅ ဦးတို့လည်း CDM လှုပ် ရှားမှာမှာပါဝင်လာကြပါတယ်။ CDM လှုပ် ရှားမှာမှာ လက်ထောက်ညွှန်ကြားရေးမှူးတွေ၊ဦးစီးအရာရှိတွေ၊ပါမောက္ခချုပ်တွေနဲ့ကထိကတွေလည်း ပါဝင်လာကြပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့သော သတင်းဖြစ်ပါသည်။



က္က