ရောဂါပိုးကင်းစင်သူ ၃၃ ဦးရှိနေပါပြီ

ပေါက်ခေါင်းမြို့က အသက် ၁၀ နှစ်အရွယ်ယောကျာ်းလေးတစ်ဦးအပါအဝင် နောက်ထပ် ၃ ဦး Negative နှစ်ကြိမ်ဆက်ပြထားတာကြောင့် မြန်မာနိုင်ငံမှာ ရောဂါပိုးကင်းစင်သူ ၃၁ ဦးရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ မေလ ၁ ရက် ည ၈နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ထပ်တိုးခဲ့တဲ့ Negative နှစ်ကြိမ်ပြထားသူတွေကတော့ ထိုင်းနိုင်ငံက ပြန်လာသူ ရှမ်းပြည်နယ်ကျောက်မဲမှာ နေထိုင်တဲ့ လူနာအမှတ်(၁၄) ၊ ပေါက်ခေါင်းမြို့နယ်က အသက် ၁၀ နှစ်အရွယ် လူနာအမှတ် ၁၈ (မိခင် လူနာအမှတ် ၁၅ မှ ကူးစက်ခဲ့သူ) နဲ့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ အသက် ၅၇ နှစ်အရွယ် အမျိုးသား (ဒေးဗစ်လားမှ ကူးစက်ခဲ့သူ) တို့ ဖြစ်တယ်လို့ သိရပါတယ်။



ဒီနေ့မှာပဲ ပိုးကင်းစင်ထားသူ (၁၀) ဦးကိုလည်း ဆေးရုံကဆင်းခွင့်ပြုလိုက်ရာမှာ တရားဟောဆရာဒေးဗစ်လား၊ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးတို့လည်း ပါဝင်ခဲ့ပါတယ်။ ဆေးရုံက ဆင်းခွင့်ပြုထားသူ ( ၁၀) ဦးမှာ လူနာအမှတ် ၂၊ ၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၁၊ ၄၇၊ ၅၀၊ ၅၄ နဲ့ ၅၈ တို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူမှာ စုစုပေါင်း ၂၇ ဦးအထိ ရှိနေပြီး သူတို့ကို တော့သတ်မှတ်နေရာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ ည ၈နာရီထုတ်ပြန်ချက်အရ မေလ ၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉၆ ခုကို စစ်ဆေးရာမှာတော့ အားလုံးမှာ ရောဂါပိုးမတွေ့ရှိဘူးလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၅၁ ဦး၊ ရောဂါပိုးကင်းစင်သူ ၃၁ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က