(၂၅)ကုတင်ဆံံ့ဆေးရုံတစ်ခုနဲ့ ဆရာဝန်(၂)ဦးသာ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ (၂၅)ကုတင်ဆံ့ဆေးရုံတစ်ခုသာရှိတာကြောင့် ပိုးတွေ့လူနာတွေအတွေက် နေရာအခက်အခဲရှိလာနိုင်တယ်လို့ သိရပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လက်ရှိအချိန်ထိ ပိုးတွေ့ လူနာ (၁၃)ဦးတွေ့ရှိထားပါတယ်။ လူနာအရေအတွက်သာ ထပ်တိုးလာရင်တော့ (၂၅)ကုတင်ဆံ့ဆေးရုံတစ်ခုတည်းနဲ့ နေရာအခက်အခဲတွေရှိလာနိုင်တယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က Duwun ကိုပြောပါတယ်။ 



“လက်ရှိအချိန်ထိ လူနာအရေအတွက်နဲ့ဆိုရင်တော့ အဆင်ပြေပါတယ်။လူနာဦးရေသာ ထပ်တိုးလာရင်တော့ ဆေးရုံနေရာအခက်အခဲရှိလာနိုင်တယ်။ ကျွန်တော်တို့မြို့မှာလည်းကလည်း (၂၅)ကုတင်ဆံ့ဆေးရုံတစ်ခုတည်းရှိတာဆိုတော့ အဆင်မပြေနိုင်လောက်ဘူး။ နေရာအခက်အခဲဖြစ်လာနိုင်သလို ကျန်းမာရေးဝန်ထမ်းအခက်အခဲလည်းရှိလာနိုင်တယ်။ ဒီမှာက ဆရာဝန်နှစ်ယောက်တည်းရှိတာပါ” လို့ ဦးအောင်ကျော်ကပြောပါတယ်။

ပေါက်တောမြို့က မြို့ငယ်တစ်ခုဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုသိပ်မရှိတာကြောင့် ကိုဗစ်ကို ရင်ဆိုင်ရတဲ့ အခါမှာ အခက်အခဲများစွားရှိလာနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အနေနဲ့ကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေသလို ကျန်းမာရေးဘက်ကလည်း လူနာတွေအတွက် ဆေးရုံတွေအပြင် တခြားပြင်ဆင်ထားတဲ့ နေရာတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

ကိုဗစ်ပိုးကူးစက် ပျံ့နှံ့နေတဲ့ရခိုင်ပြည်နယ်ကိုတော့ လက်ရှိမှာ lock down ပြုလုပ်ထားတာဖြစ်ပါတယ်။ ပေါက်တောမြို့နယ်အတွင်းမှာ ဈေးတွေကို မနက်ပိုင်းနေ့တစ်ဝက်သာဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး ဈေးသည်အားလုံးကိုလည်း ကိုဗစ်စည်းကမ်းတွေနဲ့အညီ ခပ်ခွာခွာစနစ်နဲ့ mask တပ်ဆင်ပြီးမှ ရောင်းချခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က