တစ်ပတ်အကြာမှာပြန်တွေ့ခဲ့တာပါ။
Ei Ei Htun

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကုန်းကြီးကျေးရွာမှာ အသက်(၆)နှစ်အရွယ်မိန်းကလေးတစ်ဦး နိုဝင်ဘာ(၁၈)ရက်နေ့က မိဘတွေယာတောထဲအလုပ်သွားနေစဉ် သူငယ်ချင်းတွေနဲ့ ရွာဘုရားစေတီအတွင်းမှာ ကစားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။ 

 photo- ဖောင်းပြင်ပရဟိတအသင်း

သူငယ်ချင်းတွေက ကစားပြီး ပြန်သွားစဉ်မှာ အဆိုပါမိန်းကလေးငယ်က ဘုရားမှာတစ်ယောက်တည်းနေခဲ့ပြီး ညနေစောင်းလို့ မိဘတွေအိမ်ပြန်ရောက်တဲ့ အထိ အိမ်ကိုပြန်ရောက်မလာခဲ့ဘူးလို့သိရပါတယ်။

“ မိသားစုက နွမ်းပါးတော့ မိဘတွေကလည်း စားဝတ်နေရေးအတွက်ပဲ လုံးပန်းနေကြရတာ။ ပျောက်သွားတဲ့နေ့ ညနေပိုင်းလောက်မှ ကလေးအိမ်ပြန်ရောက်မလာတော့မှ မိဘတွေကလည်း တာဝတ်ရှိသူတွေထံအကြောင်းကြားတာ။ ကလေးကိုသူပျောက်ဆုံးသွားတဲ့ နေ့ကစပြီး တစ်ပတ်ပြည့်တဲ့နေ့မှာ ကလေးနေအိမ်ရဲ့ပေ (၆၀၀)လောက်အကွာမှာရှိတဲ့ ကိုင်းတောထဲမှာ သေဆုံးလျှက်ပြန်တွေ့တာ။ အဲဒီနေ့က ကလေးဝတ်ထားတဲ့ အကျီ ၤကို ကလေးရဲ့ ပါးစပ်မှာဆို့ထားပြီးတော့ ကလေးက ဘောင်းဘီမပါတော့ဘူး။ ပြီးတော့ ကလေးရဲ့ မိန်းမကိုယ်ကလည်း ပုံမှန်အတိုင်းမဟုတ်ဘူး။ ပျက်စီးနေတာတွေ့ရတော့ ကျွန်တော်တို့က သက်ငယ်မုဒိန်းလို့တော့ သတ်မှတ်ထားတယ်” လို့ မာန်သဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က Duwun ကိုပြောပါတယ်။

 photo- ဖောင်းပြင်ပရဟိတအသင်း

မိန်းကလေးငယ်ဟာ ပုံမှန်သေဆုံးမှုမဟုတ်တာကြောင့် ဖောင်းပြင်ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဆေးရုံမှာလည်း ဆေးစစ်ဆေးချက်တွေဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ကလေးရဲ့ အလောင်းကိုတော့ မနေ့က နိုဝင်ဘာ(၂၅)ရက်နေ့ကပဲ သဂြိ ၤုလ်ပြီးသွားပြီဖြစ်တယ်လို့ ဦးကျော်ညွန့်ကပြောပါတယ်။


က္က