သံသယ တရားခံလို့ မလေးရှားရဲက ယူဆထားသူ နောက်ထပ်မြန်မာလုပ်သားတွေကိုလည်း ရှာဖွေနေကြောင်း သိရပါတယ်။

ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံရတဲ့ ပွဲစားတစ်ဦးသေဆုံးမှုကို ဖော်ထုတ်ဖို့အတွက် မလေးရှားရောက် မြန်မာနိုင်ငံသား ငါးဦးကို မလေးရှားရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြာင်း သိရပါတယ်။



မ်းဆီးခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ငါးဦးထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က ဖိရိုင်ခရိုင်၊ ဘူကစ်မင်ယာ့ခ်စက်မှုဇုန် အတွင်း သူတို့ရဲ့ အလုပ်ခွင်အသီးသီးမှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သားတွေဟာ အသက် ၂၇ နှစ်ကနေ ၄၀ နှစ်အတွင်း ရှိကြသူတွေဖြစ်တယ်လို့ ဖိရိုင်တန်ဂ့ါချ် အရပ်ရဲမှူးကြီးက ပြောကြောင်း Malaymail သတင်းဌာနမှာ ဖော်ပြထားတာပါ။


လေးရှားနိုင်ငံ ဘူကစ်တန်ဂ့ါချ် အရပ်

အသတ်ခံရသူ ပွဲစား မာနိုဂါရန်ကို စက်ရုံကားမောင်းသူက လိုက်လံရှာဖွေနေစဉ် သူ့ရဲ့ နေအိမ်ရှိ အခန်းထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စက်ရုံကားမောင်းသူရဲ့ ပြောပြချက်အရ သေဆုံးသွားသူ ပွဲစားဟာ ဘူကစ်တန်ဂါ့ချ် အရပ်မှာ မြန်မာလုပ်သားတွေကို စက်ရုံများစွာထံ ပို့ဆောင်အလုပ်သွင်းနေသူ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲစားဖြစ်သူဟာ ဓါးဒဏ်ရာ ၁၄ ချက်လောက်နဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။

ပွဲစား မာနိုဂါရန်ဟာ သူ့ရဲ့နေအိမ်မှာ အခြားသောမြန်မာလုပ်သား ၁၀ ဦးနဲ့အတူ နေထိုင်နေတယ်လို့ ယုံကြည်ရကြောင်း Malaymail သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ သူ့ရဲ့နေအိမ်မှာ နေထိုင်သူတွေထဲက နောက်ထပ် မြန်မာလုပ်သားငါးဦးကိုလည်း ရှာဖွေနေကြောင်း ရဲမှူးကြီး နစ်ရော့စ်ရဲ့ ပြောပြချက်ကို ကိုးကားခါ အဆိုပါ သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ပွဲစား သေဆုံးမှု ကိစ္စမှာ လုပ်သားတွေအပေါ် လုပ်အားခ ပေးချေမှုအဆင်မပြေ ဖြစ်တာအပြင် နိုင်ငံခြားသားလုပ်သားတွေရဲ့ လူမှုဖူလုံရေးကိစ္စတွေကို လုပ်ဆောင်ရာမှာ အဆင်မပြေ ဖြစ်တဲ့ကိစ္စတွေ ပါဝင်နိုင်တယ်လို့ ရဲတပ်ဖွဲ့က လောလောဆယ် ယူဆထားကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က