သေဆုံးသူထံမှ ဓာတ်ခွဲနမူနာရယူထားပြီး စစ်ဆေးချက်အဖြေမသိရသေး။
Kyaw Ko Ko Sint

၂၀၁၇လောက်ကတည်းက အဆုတ်တီဘီဆေးတွေ သောက်နေရသူဖြစ်ပြီး ကိုဗစ်သံသယအဖြစ် မသတ်မှတ်ခံရခင် ရက်ပိုင်းတုန်းကလည်း လည်ပင်းမှာ အကြိတ်တွေထွက်လာခဲ့တာကြောင့် ကြပ်ထုပ်ထိုးကုသမှုတွေ လုပ်ဆောင်ခဲ့ရ သေးတယ်လို့သိရပါတယ်။



ဝေါမြို့နယ်က ကိုဗစ်သံသယလူနာအမျိုးသမီးတစ်ဦးပဲခူးဆေးရုံမှာ သေဆုံးသွားတာနဲ့ပတ်သက်ပြီး ဝေါမြို့နယ် လွှတ်တော်ကိုယ်စား လှယ်ကို Duwunက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လူနာဟာ အဆုတ်တီဘီဆေးကို ၂၀၁၇လောက် ကတည်းက သောက်နေရသူဖြစ်သလို လည်ပင်းမှာ အကြိတ်တွေထွက်လာလို့ ကြပ်ထုပ်ထိုးမှုတွေလည်း လုပ်ခဲ့ရ သလို့ သိရပါတယ်။

“လူနာက ၂၀၁၇လောက်ကတည်းက တီဘီဆေးသောက်နေရတယ်လို့ သိရပါတယ်၊နောက်ပြီး ကိုဗစ်သံသယလို့ ပဲခူး ဆေးရုံကြီးက မသတ်မှတ်ခင် ရက်ပိုင်းအလိုလောက်ကလည်း လည်ပင်းမှာ အကြိတ်တွေထွက်လာလို့ ကြပ်ထုပ်ထိုးမှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။အကြိတ်ကြောင့် အသက်ရှုကြပ်မှုတွေဖြစ်တော့ ပဲခူးဆေးရုံက ကိုဗစ်သံသယဆိုပြီး ဖျားနာသီးသန့်ဆောင်မှာ ထားရှိစောင့်ကြည့်ခဲ့ချိန်မှာ ကွယ်လွန်သွားတာပါ။”လို့ ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်က ပြောပြပါတယ်။

လူနာက ကွန်လွန်ချိန်မှာ အသက် ၃၈နှစ်အရွယ်ရှိပြီး ဝေါမြို့နယ် ကပင်ကျေးရွာကလို့ သိရပါတယ်။ လူနာဆီက တဆင့် ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးဖို့အတွက် ဓာတ်ခွဲနမူနာရယူထားတာကတော့ စစ်ဆေးချက် အဖြေထွက် မလာသေးဘူးလို့လည်း သိရပါတယ်။

“သေဆုံးချိန်မှာ ကိုဗစ်ရောဂါပိုး ရှိနေလား၊မရှိဘူးလားဆိုတာ ဓာတ်ခွဲနမူနာ ယူထားပေမယ့် အဖြေမသိရ သေးပါ ဘူး။ကွယ်လွန်သူရဲ့ ဓာတ်ခွဲအဖြေပေါ်မူတည်ပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအလိုက် ကျန်းမာရေးဌာနရဲ့ ညွှန် ကြားချက်နဲ့အညီ ကျွန်တော်တို့ အုပ်ချုပ်ရေးနဲ့ ကိုယ်စားလှယ်တွေပေါင်းစပ်ပြီး လိုအပ်တဲ့ ကွာရန်တင်းလုပ်မှုတွေ၊ Lock Down လုပ်မှုတွေ လုပ်ရတော့မှာပေါ့။အခုချိန်ကတော့ ဘာမှန်းမသိသေးပဲ လုပ်လို့ မသင့်တော်သေးဘူး လေ”လို့ ဦးမျိုးကြည်က ဆက်လက်ပြောပါတယ်။

ဝေါမြို့မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာမရှိဘဲ ‌‌ညောင်လေးပင်ဇာတိ ထိုင်းပြန် အတည်ပြုလူနာအမှတ် ၂၃၃နဲ့ လေယာဉ်တစ်စင်းတည်း အတူပြန်လာသူ ၅ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမရှိဘူးလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က