လူနာအမှတ် ၁၂၁၃ နဲ့ ဆက်စပ်ထိတွေ့ခဲ့လို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတွေ ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလတိုက်နယ်‌ဆေးရုံက တိုက်နယ်ဆရာဝန်တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၆ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဆေးရုံကို အသွားအလာကန့်သတ်လိုက်ပြီလို့ သိရပါတယ်။

ဒီကနေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ပိုးတွေ့လူနာစာရင်း ထုတ်ြ ပန်ချက်မှာ ပဲခူးတိုင်း၊ကဝမြို့နယ်မှာနေထိုင်သူ ၈ ဦးမှာ ရောဂါပိုးကူးစက်ခံရတယ်လို့ ဖော်ပြထားပြီး အဆိုပါ ၈ ဦးအနက် ၆ ဦးမှာ သက္ကလတိုက်နယ်ဆေးရုံကကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့ လူနာ ၈ ဦးလုံးဟာ အတည်ပြုလူနာအမှတ် ၁၂၁၃ နဲ့ ထိတွေ့မှုရှိထားတာကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြသူတွေ ဖြစ်တယ်လို့လည်းသိရပါတယ်။



ဓာတ်ပုံ-TKL (လူနာတွေကို ပဲခူးဆေးရုံကို ဆေးကုသဖို့ခေါ်ဆောင်နေစဉ်)

"ပိုးတွေ့လူနာနဲ့ တိုက်ရိုက်ထိစပ်မှု ရှိလို့ ကွာရန်တင်းထည့်ပြီး ဆေးစစ်ခဲ့တာ ၁၃၀ လောက်ရှိမယ် ။ ဒီထဲကမှ ပထမအသုတ် ၅၀ ကျော် စစ်တာကို ၈ ယောက်တွေ့တာဖြစ်တယ်။ ပိုးတွေ့ လူနာတွေကို ပဲခူးကလိဆေးရုံကို ပို့ပြိးကုသမှာဖြစ်တယ်။ဒုတိယအသုတ် ၇၀ ကျော်ကအဖြေမသိရသေးပါဘူး။ကွာရန်တင်းကိုတော့ ကဝက အထက်တန်းကျောင်းမှာ ထားခဲ့တာဖြစ်ပါတယ်။"လို့ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းကပြောပါတယ်။ 

 လက်ရှိမှာတော့ ကျန်းမာရေး ဝန်ထမ်းအပါအဝင် ပိုးတွေ့လူနာ ၈ ဦးနဲ့ပတ်သက်ပြီး ထိတွေ့ဆက်စပ်ခဲ့သူတွေကိုကွာရန်တင်းထားစောင့်ကြည့်နိုင်ဖို့ အတွက် လိုက်လံရှာဖွေနေတေယ်လို့သိရပါတယ်။ ပိုးတွေ့လူနာတွေရှိလာပြီးတဲ့နောက် သက္ကလတိုက်နယ် ဆေးရုံကို အဝင်အထွက်ကန့်သတ်လိုက်ပြီဖြစ်တာကြောင့် ဆေးရုံကို လာရောက်ပြသမယ့် လူနာတွေအတွက် ဆေးကုသမှုကို ပြင်ပပရဟိတ ဆေးခန်းမှာပဲ လုပ်အားပေး ဆရာဝန်တွေနဲ့ ကုသမှုပေးနေတယ်လို့ သိရပါတယ်။

(အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က