တပည့်(၃)ဦးက ကျူးလွန်ခဲ့တာပါ။

ကျူးလွန်တဲ့ တရားခံ(၃)ဦးက သေဆုံးသူရဲ့တပည့်တွေဖြစ်ပြီး နောက်ကနေတုတ်နဲ့ဦးခေါင်းကိုရိုက်ကာ အလောင်းဖျောက်ပြီးတော့ မောင်းနှင်လာတဲ့ ကားကို ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ 

ပဲခူးမှာ ဒီဇင်ဘာလ(၅)ရက်နေ့ ညနေပိုင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအသတ်ခံရပြီး အလောင်းဖျောက်မှုမှာ ကျူးလွန်သူ (၃)ဦးအနက် (၂)ဦးကို ဖမ်းမိပြီဖြစ်တယ်လို့ သိရပါတယ်။

ကျူးလွန်သူ(၃)ဦးလုံးက အသတ်ခံရတဲ့ သူရဲ့ တပည့်(၃)ယောက်ဖြစ်တယ်လို့ သိရပါတယ်။ လွတ်မြောက်နေတဲ့ သူတစ်ဦးကတော့ ပျောက်ဆုံးနေတဲ့ ကားနဲ့အတူ လွတ်မြောက်နေတာပါ။

“ကျူးလွန်တဲ့သူကတော့အားလုံး(၃)ဦး။ အခု(၂)ဦးမိပြီ။ စစ်ဆေးမှုတွေတော့လုပ်နေတယ်။ စစ်ဆေးမှုအပိုင်းတွေကိုတော့ အင်းတကော်ရဲစခန်းကို လှမ်းမေးရင်ပိုအဆင်ပြေနိုင်တယ်” ဆိုပြီး သေဆုံးသူရဲ လုပ်ဖော်ကိုက်ဖက် လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းမိတဲ့တရားခံ စစ်ဆေးမှုအပိုင်းတွေနဲ့ ပတ်သက်လို့ အင်းတကော်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လတ်တလောဖြေကြားလို့မရနိုင်သေးဘူးလို့ စခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကျူးလွန်တဲ့သူ(၃)ဦးက အင်းတကော်ခြံမှာ သေဆုံးသူရဲ့ ဦးခေါင်းကို နောက်ကနေ တုတ်နဲ့ရိုက်ပြီး အလောင်းကို ဖျောက်ထားခဲ့တာဖြစ်ပါတယ်။ အလောင်းကိုလည်း အခင်းဖြစ်ပွားခဲ့တဲ့ အင်းတကော်ခြံထဲက မီးရှို့ထားတဲ့ အမှိုက်ပုံနေရာမှာ မီးခိုးပြာတွေနဲ့ အုပ်ထားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူနဲ့ မိသားစုဝင်တွေအဆက်အသွယ်ပြတ်သွားခဲ့တဲ့ အချိန်ကစပြီး တာဝန်ရှိသူတွေနဲ့ညတွင်းချင်းလိုက်လံရှာဖွေရာမှာ ဒီကနေ့မနက်အစော (၃)နာရီလောက်မှာတော့ အလောင်းကိုရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အသတ်ခံရတဲ့သူက ရေသန့်စက်ရုံနဲ့ ဆန်ပွဲရုံလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အင်းတကော်က သူသွားနေကျ ခြံဝင်းထဲမှာ အခုလိုတပည့်တွေရဲ့လုပ်ကြံမှုကိုခံခဲ့ရတာပါ။ 



က္က