ဒီကနေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့တာပါ။
Ei Ei Htun

သေဆုံးသွားတဲ့ မိသားစုမှာ လင်မယားနှစ်ယောက်က အသက်(၃၀)ဝန်းကျင်တွေဖြစ်ပြီး ကလေးကတော့ သေချာမမြင်လိုက်ရလို့ ဘယ်အရွယ်မှန်းမခန့်မှန်းတက်ဘူးလို့ ပဲခူးမြို့ ရပ်ကွက်ကြီး(၈)မှ ကိုကျော်စိုးဦးကပြောပါတယ်။

ပဲခူးမြို့၊ ရပ်ကွက်ကြီး (၈)မှာ ဒီကနေ့ အောက်တိုဘာလ(၅)ရက်နေ့ မွန်းလွဲပိုင်း အစာအဆိပ်သင့်ပြီး မိသားစုလိုက် (၃)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ လင်မယားနှစ်ယောက်နဲ့ ကလေးတစ်ယောက်သေဆုံးသွားတာ။ မိသားစု(၃)ဦးလုံးပေါ့။ စားတဲ့ သူ(၃)ဦးလုံးက သေသွားတာဆိုတော့ ဘာမှအကျိုးအကြောင်းသေချာမသိရဘူး။ ကြားကြားချင်းကျွန်တော်တို့သွားတော့ သူတို့ဘေးမှာ ပေါင်မုန့်နဲ့ ယိုးဒယားကထုတ်တဲ့ DeeDoအချိုရည်ဘူးအခွံတွေ့တယ်။ ပြီးတော့ မြန်မာဆေးဘူးတစ်ဘူးနဲ့ အင်္ဂလိပ်ဆေးအကိုက်အခဲပျောက်ဆေးတစ်ကဒ်တွေ့တယ်။ အင်္ဂလိပ်ဆေးက တစ်ကဒ်လုံးမှာ၂လုံးလျော့နေတယ်။ ဒါက သူတို့ ပတ်ဝန်းကျင်မှာ တွေ့ရတာကိုပြောပြတာ။ အကြောင်းအရင်းကတော့ ဘာမှမသိရသေးဘူး” လို့ ပဲခူးမြို့ ရပ်ကွက်ကြီး(၈)မှ ကိုကျော်စိုးဦးက Duwun ကိုပြောပါတယ်။

သေဆုံးသွားတဲ့ မိသားစုမှာ လင်မယားနှစ်ယောက်က အသက်(၃၀)ဝန်းကျင်တွေဖြစ်ပြီး ကလေးကတော့ သေချာမမြင်လိုက်ရလို့ ဘယ်အရွယ်မှန်းမခန့်မှန်းတက်ဘူးလို့ ကိုကျော်စိုးဦးကပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူ(၃)ဦးလုံးရဲ့ရုပ်အလောင်းကို ပဲခူးဆေးရုံမှာပို့ဆောင်ထားပြီး ရဲစစ်ချက်တွေနဲ့အတူ ဆေးစစ်ချက်တွေကို ပါဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


က္က