Icon Shopping စင်တာက ဝန်ထမ်းဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ပိုးတွေ့လူနာ စာရင်းမှာ ပဲခူးမြို့ကလူနာတစ်ဦးပါဝင်ခဲ့ပါတယ်။

အဆိုပါ လူနာက ပဲခူးမြို့ရဲ့ ပထမဆုံး ကိုဗစ်ပိုးတွေ့ရှိတဲ့ လူနာဖြစ်ပြီး Icon Shopping စင်တာက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။



လူနာနဲ့ အနီးကပ်ထိတွေ့ထားသူ ဝန်ထမ်းနှစ်ဦးနဲ့ မိသားစုအပါအဝင် အားလုံး (၁၁)ဦးကိုတော့ ကွာရန်တင်းစင်တာတွေပို့ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။

“ ဟုတ်ပါတယ်။ Icon Shopping စင်တာက ဖုန်းအော်ပရေတာဌာနက ဝန်ထမ်းမိန်းကလေးပါ။ လူလတ်ပိုင်းပဲရှိပါသေးတယ်။ Shopping Centerရဲ့ အပေါ်ဆုံးထပ်မှာအလုပ်လုပ်တာပါ။ အခုတော့ Shopping Center တစ်ခုလုံးကို lock down လုပ်ထားပါတယ်။ လူနာက ခုည စာရင်းမှာ ပါဝင်တာဆိုပေမယ့် မနက်ကတည်းသိရတော့ သိရချင်းမှာပဲ lock down လုပ်ထားတာပါ”လို့ ပဲခူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံက Duwun ကိုပြောပါတယ်။

အခုပိုးတွေ့လူနာက ပဲခူးမြို့ရဲ့ ပထမဆုံးပိုးတွေ့လူနာဖြစ်သလို ပဲခူးမြို့မှာ အကြီးဆုံးဖြစ်တဲ့ Shopping Center ဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတယ်လို့ဆိုပါတယ်။ ဒေသတွင်း မှာလည်း ကိုဗစ်စည်းကမ်းတွေကို သေချာချမှတ်ထားသလို ပြည်သူလူထုအနေနဲ့ကလည်း လိုက်နာဆောင်ရွက်မှုတွေရှိပြီး မြို့ထဲမှာတောင် အရင်လို လူရှုပ်နေတာမျိုးတွေမရှိတော့ဘူးလို့ ဦးကျော်မင်းစံကပြောပါတယ်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈နာရီထုတ်ပြန်ချက်မှာ လူနာ အရေအတွက် (၁၅၇)ဦး စံချိန်တင်တွေ့ရှိခဲ့တာပါ။ ယနေ့ည ပိုးတွေ့လူနာ (၁၅၇)ဦးမှာ ပဲခူးက လူနာပါ ပါဝင်ခဲ့တာဖြစ်ပြီး ပိုးတွေ့ရှိတဲ့နေရာဖြစ်တဲ့ Icon Shopping စင်တာကိုသာ lock down လုပ်ထားပြီး ဒေသတွင်းအသွားအလာတွေကိုတော့ မကန့်သတ်ထားဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က