တရားမဝင်လမ်းကြောင်းက ပြန်လာသူနဲ့ အနီးကပ်ထိတွေ့မှုကြောင့် ကိုဗစ်လမ်းညွှန်ချက်နဲ့အညီ စနစ်တကျ သဂြိုလ်ခဲ့ပါတယ်။

မြန်မာနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းနဲ့ ခိုးပြီးပြန်ရောက်လာတဲ့ လာအိုပြန် တစ်ဦးနဲ့ ထိတွေဆက်စပ်ခဲ့သူအမျိုးသားတစ်ဦး ပဲခူးတိုင်းဒေသကြီး၊သဲကုန်းမြို့နယ်တံခွန်တိုင်ကျေးရွာ၊ကူကြီးဓမ္မာရုံမှာ စောင့်ကြည့်မှုခံယူနေစဉ် ဇူလိုင်လ ၂ ရက်နေ့က ရုတ်တရက်သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးအမျိုးသားကို ဇူလိုင်လ၂ ရက်နေ့မှာပဲချက်ခြင်း သဂြိုလ်ခဲ့ပါတယ်။ သဂြိုလ်တဲ့နေရာမှာလည်း သေဆုံးသူဟာ တရားမဝင်လမ်းကြောင်းကပြန်လာသူနဲ့ အနီးကပ်ထိတွေ့မှုကြောင့်ကိုဗစ်လမ်းညွှန်ချက်နဲ့အညီစနစ်တကျသဂြိုလ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ "သေဆုံးသူက လာအိုပြန်မဟုတ်ပါဘူး၊လာအိုပြန်နဲ့ ထိတွေ့ခဲ့သူပါ။ လာအိုပြန်ကလည်း အစိုးရအစီအစဉ်နဲ့ လာသူမဟုတ်ဘူး၊ သူ့ဘာသာတရားမဝင်လမ်းကြောင်းကနေပြန်လာတယ်၊ဒါကိုရပ်ကွက်ကသိတော့ ကျွန်တော့်ဆီကို အကြောင်းကြားတော့မှ သိရပြီးချက်ခြင်းကွာရန်တင်းထားခဲ့တယ်။ ရောက်တာချက်ခြင်းမသိတာကြောင့် သူနဲ့ထိစပ်ခဲ့သူတွေရှိခဲ့တယ်။ လာအိုပြန် ကိုသွားကြိုခဲ့သူ ထိတွေ့ခဲ့သူက သေဆုံးသူအပါအဝင် ၅ ဦးရှိပါတယ်" လို့ သဲကုန်းမြို့နယ် ၊တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ ကိုဇော်သက်ထွန်းက ပြောပါတယ်။



ထိတွေ့ဆက်စပ်ခဲ့သူတွေအားလုံးကို ကွာရန်တင်းထားခဲ့သလို စိတ်ချရအောင် ကျန်းမာရေးစစ်ဆေးဖို့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ပို့ထားကြောင်း၊ ဆေးစစ်ချက်ရလဒ်အဖြေ ဒီနေ့ညရနိုင်ဖို့များတယ်လို့သိရပါတယ်။လာအိုပြန်ဟာ ပြီခဲ့တဲ့ ၈ ရက်လောက်ကတည်းက ကွာရန်တင်းဝင်ခဲ့သူဖြစ်ပါတယ်။ သဲကုန်းမြို့နယ်မှာ ကွာရန်တင်းထား အသွားအလာကန့်သတ်စောင့်ကြည့်ထားသူဟာ ပြီးခဲ့တဲ့တပတ်အထိကို ၈၀ ကျော် ရှိတယ်လို့သိရပါတယ်။

ဇူလိုင် ၂ ရက်နေ့စာရင်းတွေအရ ပဲခူးတိုင်း တစ်ခုလုံးမှာ Facility Quarantine ၂၉၃ ခုဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား ၃၃၀၉ဦးနဲ့ သံသယလူနာတစ်ဦးရှိနေပါတယ်။ ပိုးတွေ့လူနာ ၉ ဦးအထိရှိခဲ့ပြီး တစ်ဦးက သေဆုံးဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၄ ဦးရှိနေပြီး ဒီထဲမှာ သေဆုံးက ၆ ဦး ၊ ရောဂါသက်သာဖြင့် ပြန်လည်ကောင်းမွန်သူ ၂၂၃ဦးရှိပါတယ်။ရောဂါပျောက်ကင်းပြီးမှ ရောဂါပိုး ပြန်လည်တွေ့ရှိသူတစ်ဦးလည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က