ကျုးလွန်သူကလေးကိုလည်း ဖမ်းမိထားပါတယ်။

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၇) လေးအိမ်စုရွာရဲ့ အနောက်တောင်ကုန်းပေါ်မှာ  အသက် ၃ နှစ်အရွယ်ကလေးတစ်ဦး အသတ်ခံခဲ့ရပြီး ကျုးလွန်သူကိုလည်း ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ပြင်ဦးလွင်မြို့မရဲစခန်းကနေ သိရပါတယ်။

Photo- ပြင်ဦးလွင် နာရေးကူညီမှုအသင်းကြီး

အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပြီး သေဆုံးသူမိန်းကလေးရဲ့ အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲဆေးရုံမှာ စစ်ဆေးမှု ပြုလုပ်ထားပြီးဖြစ်တယ်လို့ ပြင်ဦးလွင် အခမဲ့ နာရေးကူညီမှု အသင်းကြီး တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

“ ကလေးဘာကြောင့်သေဆုံးရတယ်ဆိုတာကို ဓာတ်ခွဲစစ်ဆေးထားပါတယ်။ ကျုးလွန်တဲ့ကလေးကိုလည်း ဖမ်းမိပါတယ်။ ရဲစခန်းကို ခေါ်သွားပါတယ်။ကျူးလွန်တဲ့ကလေးရော၊ အသတ်ခံရတဲ့ကလေးရော အသက်မပြည့်သေးဘူး” လို့ ဆိုပါတယ်

ပြင်ဦးလွင်မြို့မရဲစခန်း ရဲတပ်ဖွဲ့ကတော့ အဆိုပါလူသတ်မှုဖြစ်စဉ်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး သေဆုံးမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို အသေးစိတ်စုံစမ်းမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ တာဝန်ကျရဲအရာရှိက Duwunကိုပြောပါတယ်။

“ ဖြစ်စဉ်ကဟုတ်ပါတယ်။ လက်ရှိတော့ အမှုစစ်က စုံစမ်းစစ်ဆေးနေတာဖြစ်လို့ အသေးစိတ်ပြောပြလို့မရနိုင်သေးပါဘူး” လို့ အဆိုပါ ရဲက ဆိုပါတယ်။



က္က