နှစ်ဦးစလုံးကို ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပြည်မြို့မှာရွေကောက်ပွဲသင်တန်း လာရောက်ပို့ချတဲ့  သင်တန်းဆရာတွေရဲ့ကားသမား ကိုဗစ် ၁၉ ပိုးတွေ့ရှိလို့ တိုက်ရိုက် ထိစပ်သူသင်တန်းဆရာအပါအဝင် ၅ ဦးကို ကွာရန်တင်းထား swab ယူစစ်ဆေးခဲ့ရာ နှစ်ဦးမှာ positive အဖြေထွက်တယ်လို့ သိရပါတယ်။ 



ကိုဗစ် ရောဂါပိုးကူးစက်ခံထားရသူ နှစ်ဦးဟာ သင်တန်းဆရာတစ်ယောက်နဲ့ သင်တန်းအတွက် ငွေကြေးစီမံ‌ပေးရတဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ရန်ကုန်မှာနေထိုင်ကြသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးကို ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

" ကားသမားနဲ့ ထိတွေ့ခဲ့လို့ FQ ထားပြီး swab ယူစစ်ဆေးခဲ့တဲ့ ၅ ဦးထဲက ၂ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လောလောဆယ် ပြည်ဆေးရုံကြီးမှာ ကုသပေးနေပါတယ်။ ကျန်တဲ့ ၃ ဦးက ပြည်သန္တာဆောင်မှာပါ။ ဟိုတယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားတဲ့ သတင်းသမားတွေကိုလည်း အာခေါင်တို့ဖတ် နှာခေါင်းတို့ဖတ် ရယူပြီး စစ်ဆေးပါမယ်"လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာကေခိုင်ဝင်းက ပြောပါတယ်။

ဒီ ရွေးကောက်ပွဲသင်တန်းကို  မကွေး ၊ ပဲခူး ၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးက သတင်းထောက်စုစုပေါင်း ၁၅ ဦးတက်ရောက်မှုရှိခဲ့ပြီး အားလုံးကို မင်္ဂလာဂါးဒင်းဟိုတယ်မှာပဲ အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။အားလုံးကို Swab ယူစစ်ဆေးမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၂ ရက်နေ့ကပိုးတွေ့ခဲ့တဲ့ ကားသမားအပါအဝင် ဒီကနေ့သိရတဲ့ ပိုးတွေ့လူနာသစ် ၂ ဦးနဲ့ ထိဆက်စပ်ခဲ့သူအားလုံးပေါင်း အယောက် ၇၀ ကျော်ရှိကြောင်း၊ အားလုံးကို ကွာရန်တင်းထားစောင့်ကြည့်နေတယ်လို့သိရပါတယ်။

ကွာရန်တင်းထားတဲ့အခါ ပိုးတွေ့ လူနာနဲ့ထိစပ်မှုများတဲ့သူတွေကိုတော့ FQ ထည့်ထားပြီး ထိစပ်မှုနည်းတဲ့သူတွေကိုတော့ Home ကွာရန်တင်းထည့်ထားတယ်လို့ သိရပါတယ် ။အားလုံးကို Swab ယူစစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က