ပဲခူးတိုင်း ၊ပြည်မြို့က ရွှေဆိုင်တစ်ဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ပြီး လုယက်မှုတစ်ခု ဒီကနေ့ သြဂုတ်လ ၂၉ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့ ပြည်မြို့အမှတ် ၁ ရဲစခန်းကနေ သိရပါတယ်။

ဓာတ်ပုံ - kyaw htet aung



" မေ့သရဖူရွှေဆိုင်ကို ဝင်ရောက်လုယက်မှုဖြစ်ပွားခဲ့တာပါ။ လောလောဆယ်မှာ တရားခံကို စစ်ဆေးနေတာ ၊ဆေးစာပို့ဖို့တွေ လုပ်နေပါတယ်။ နည်းနည်း အလုပ်ရှုပ်နေပါတယ်"လို့ ပြည်မြို့နယ် အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုယက်မှုဟာ ဒီကနေ့ ညနေခင်းအချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကတော့ သေနတ်အစစ်မဟုတ်ပဲ ခဲသီး သေနတ်အတုဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်မက ဆိုင်ကအခန်းထဲမှာ zoom meeting လုပ်နေတယ်။ အပြင်ထွက်လာတော့ အဲဒီအချိန် အပြင်ဘက်မှာ အမျိုးသားကို သေနတ်နဲ့ ချိန်ထားတာတွေ့တယ်။ နောက် ခုခံဖို့လုပ်တော့ ကျွန်မယောက်ျားကိုလည်း သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ ကျွန်မတို့ကိုလည်း စပရေးနဲ့ဖျန်းတယ်"လို့ မေ့သရဖူ ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မိုးမိုးကပြောပါတယ်။

ဆိုင်ရှင်နှစ်ဦးမှာ အသေးစားဒဏ်ရာလောက်ပဲ ရပြီး လုယက်မှုကျူးလွန်သူ နှစ်ဦးကိုတော့ အမှုကျူးလွန်ချိန်မှာပဲ ရပ်ကွက်လူထုအကူအညီနဲ့ ရဲတပ်ဖွဲ့ဟာ ချက်ခြင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မေ့သရဖူရွှေဆိုင်ဟာ ပြည်မြို့၊ရွှေကူရပ်ကွက်၊ပန်းပဲတန်းလမ်းနဲ့ သံတချောင်းလမ်းထောင့်မှာ တည်ရှိတာဖြစ်ပြီး လုယက်မှုက ဒီကနေ့ ညနေ ၅ နာရီခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က