ပြည်မြို့မတိုင်ခင် ပြင်ဦးလွင်မြို့မှာလည်း သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့မှာရွေးကောက်ပွဲသင်တန်း လာလုပ်တဲ့  သင်တန်းဆရာ တွေရဲ့ကားသမားမှာ ကိုဗစ် ၁၉ positive တွေ့တာကြောင့် သင်တန်းဆရာတွေအပါအဝင် တိုက်ရိုက်ထိတွေ့သူ ၅ ဦးကို Qထားပြီး Swab ယူပြီး စစ်ဆေးဖို့ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲသင်တန်းကို တက်ရောက်လာတဲ့ မကွေး ၊ ပဲခူး ၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးက သတင်းထောက်စုစုပေါင်း ၁၄ယောက်ကိုလည်း အဲ့ဒီသင်တန်းပေးတဲ့ ပြည်မြို့က မင်္ဂလာဂါးဒင်းဟိုတယ်မှာပဲ အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။



"ကျွန်တော်အပါအဝင် ငါးဦး ပြည်မြို့ သန္တာဆောင်မှာ မနေ့ကစလို့ FQ ဝင်နေပါတယ်။ မနေ့ညနေ ၅ နာရီက Swab ယူပါတယ်။ အခုချိန်ထိ ဘယ်တရားဝင်ဌာနကမှ အဖြေမထုတ်ပေးသေးပါဘူး။ NHL ရဲ့ result ကိုစောင့်နေပါတယ်။"လို့ အဲ့ ဒီ ရွေးကောက်ပွဲသင်တန်းမှာ သင်တန်းဆရာဖြစ်ပြီး မီဒီယာကောင်စီဝင် လည်းဖြစ်သူ ကိုဇေယျာလှိုင်က ပြောပါတယ်။

 ပိုးတွေ့လူနာ ကားသမားနဲ့ တကားထဲအတူစီးနင်းခဲ့တဲ့သူတွေက သင်တန်းဆရာနဲ့ လက်‌ထောက်သင်တန်းဆရာ တစ်ဦး၊ ANFRELမှ ဝန်ထမ်း ၂ ဦး၊ MYANFREL မှဝန်ထမ်း ၁ဦးကို ပေါင်း ၅ ဦးဖြစ်ပြီး အားလုံးကို ပြည်မြို့ ၊ Facility ကွာရန်တင်းစင်တာ ပြုလုပ်ထားတဲ့ သန္တာဆောင်မှာ အသွားအလာကန့်သတ် စောင့်ြည့်ထားပါတယ်။ Swab ယူစစ်ဆေး ထားတဲ့အဖြေကတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။ 

ဓာတ်ပုံ - Myint Aye

" ကွာရန်တင်း ထည့်ထားတဲ့ တိုက်ရိုက်ထိတွေ့သူ ၅ ဦးရဲ့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ပို့ထားတယ်။ အဖြေမထွက်သေးပါဘူး။ သင်တန်းတက်တဲ့ သတင်းသမားတွေ ကိုလည်း ဟိုတယ်မှာကွာရန်တင်းထည့်ထားပါတယ်"လို့ ပြည်မြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျကပြောပါတယ်။

 ရွေးကောက်ပွဲသင်တန်းကို မီဒီယာကောင်စီနှင့် လွတ်လပ်သော‌ရွေးကောက်ပွဲများအတွက် အာရှကွန်ယက် (ANFREL) အဖွဲ့ကပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်မြို့မတိုင်ခင် ပြင်ဦးလွင်မြို့မှာလည်း သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ သင်တန်းကို စက်တင်ဘာ ၇ ရက်ကနေ၉ရက်နေ့အထိ ပြုလုပ်ဖို့ စီစဉ်ထားခြင်းဖြစ်ပေမယ့် သင်တန်းဆရာတွေ ကားကိုမောင်းနှင်တဲ့ ကားသမား ရဲ့ အမျိုးသမီးတွင် ပိုးတွေ့ရှိကြောင်း စက်တင်ဘာ ၈ ရက်မှာ သိရှိခဲ့ရာကနေ သင်တန်းကို နေ့တစ်ဝက်နဲ့ ရပ်နားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ကားသမားကို ရန်ကုန်ကို ပြန်ပို့ဆောင်ပြီး swab ယူစစ်ဆေးခဲ့ရာ ကားသမားမှာပါ ပိုးတွေ့ရှိကြောင်း မနေ့ကသိရှိရတဲ့အတွက် သင်တန်းဆရာတွေ၊ သတင်းသမားတွေကို ကွာရန်တင်းထည့်ခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့လူနာ ကားသမားနဲ့ သင်တန်းဆရာတွေဟာ ရန်ကုန်ကနေ စက်တင်ဘာလ ၂ ရက်နေ့ကတည်းက စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ရွေးကောက် ပွဲသင်တန်းကို ပြင်ဦးလွင်မြို့တွင် အရင် ပြုလုပ်ခဲ့ကာ အဲ့ဒီကမှတစ်ဆင့်ပြည်မြို့ကို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က