မေလအတွင်း ပြန်လည်ဝင်ရောက်လာမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ပြည်တော်ပြန် မြန်မာအလုပ်သမားတွေ မန္တလေးတိုင်းထဲကို မေလအတွင်း အုံနဲ့ကျင်းနဲ့ ပြန်ဝင်လာဖို့ရှိတယ်လို့ မန္တလေးတိုင်း COVID-19 ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကပြောပါတယ်။

"အခုဆိုရင် တရုတ်ပြည်ကရောထိုင်းနိုင်ငံကရော ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားများ နေ့စဉ်နဲ့အမျှဝင်ရောက်နေပါတယ်။ လူကြီးများရဲ့မေတ္တာရပ်ခံချက်အရ ၃၀ ရက်နေ့နောက်ပိုင်းဆိုရင်တော့ အုံနဲ့ကျင်းနဲ့လာဖို့အနေအထားမှာရှိပါတယ် "လို့ ဝန်ကြီးကဆိုပါ တယ်။



ဒီနေ့ ဧပြီလ ၃၀ ရက်ကပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမှာ မန္တလေး တိုင်းအစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

လက်ရှိမှာ မန္တလေးတိုင်းကနေ တရုတ်နိုင်ငံကို သွားရောက်လုပ်ကိုင်သူ ၈၂၃၉ ဦး၊ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်သူ ၂၈၃၃၄ ဦး စုစုပေါင်း ၃၆၅၇၃ ဦးရှိရာ ဧပြီလ ၂၈ ရက်အထိ စာရင်းတွေအရ ပြန်လည်ဝင်ရောက်လာသူ ၂၁၃၁၃ ဦးရှိတယ်လို့ မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကိုလည်း တိုင်းအတွင်းက စောင့်ကြည့်စင်တာ တစ်ထောင်ကျော်မှာ အသွားအလာကန့်သတ်ထားတယ်ပြီး ပြည်ပပြန်၊ ပြည်တွင်းပြန်၊ သင်္ကြန်အတောအတွင်းဝန်ထမ်းအိမ်ပြန်လာတာရယ်ဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ COVID-19 အတည်ပြုလူနာနဲ့ထိတွေ့ခဲ့သူတွေကိုလည်း သီးသန့်ထားဖို့ နေရာ (၈) နေရာစီစဉ်ထားတယ်လို့သိရပါတယ်။ မန္တလေးတိုင်းမှာ လက်ရှိအချိန်ထိ အတည်ပြုလူနာ ၃ ဦးရှိခဲ့ပြီး သူတို့နဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၅ ဦးကို နဒီမြန်မာဟိုတယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကန်တော်ကြီးဇီဝိတဒါနသံဃာ့ဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၅၆ ဦး၊ ချမ်းမြသာစည်မြို့နယ် အား/ကာသိပ္ပံမှာ ရန်ကုန်ကပြန်လာတဲ့ပြည်တွင်းခရီးသည် ၉၅ ဦး၊ မန္တလာဒီဂရီကောလိပ်မှာဝန်ထမ်း ၂၀၇ ဦး၊ သူနာပြုတက္ကသိုလ်မှာ ရန်ကုန်ကပြန်လာတဲ့အမျိုးသမီးဝန်ထမ်း ၃၁ ဦး၊ သွားဘက်ဆိုင်ရာတက္ကသိုလ်မှာ အမျိုးသား ၈ ဦး၊ ရွှေပြည်သာဟိုတယ်မှာ ၁၉ ဦး နဲ့ Royal Mingalar ဟိုတယ်မှာ ၁၈ ဦးရှိတယ်လို့ စာရင်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က