သင့်တော်တဲ့ ရာထူး၊ လစာ ပေးပြီး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။

COVID-19 ကြောင့် ပြည်ပနိုင်ငံအသီးသီးကနေ ပြန်လည်ရောက်ရှိလာတဲ့ အင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးကျွမ်းကျင်သူတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေကို ပြည်တွင်းက ဆောက်လုပ်ရေး ကုမ္ပဏီတွေမှာ အလုပ်ခန့်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးဝင်းမြင့်က Duwun ကိုပြောပါတယ်။

လက်ရှိမှာ ပြည်ပနိုင်ငံတွေက ပြန်လာကြတဲ့သူတွေထဲမှာ ဆောက်လုပ်ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ အလုပ်သမား ၅၀၀၀ ခန့် ရှိပြီး ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံပေါ်မူတည်ကာ သင့်တော်တဲ့ ရာထူး၊ လစာ ပေးပြီး ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။



“ ကျွန်တော်တို့ရဲ့ ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍမှာ အမှန်တကယ် ကျွမ်းကျင်တဲ့ အလုပ်သမားတွေ လိုအပ်တယ်။ အခုပြည်ပက ပြန်လာတဲ့သူတွေထဲမှာ သူတို့ လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေကို ကြည့်ပြီး အလုပ်ခန့်ပေးဖို့ စီစဉ်ထားတယ်။ တခြားနိုင်ငံက ပေးတဲ့လစာအတိုင်းတော့ ဒီမှာမပေးနိုင်ဘူးပေါ့။ ဒါပေမယ့် ဒီနိုင်ငံရဲ့ အနေအထားပေါ်မူတည်ပြီး ထိုက်သင့်တဲ့ လုပ်ခလစာတစ်ခုရအောင်တော့ ဖန်တီးပေးမှာပါ” လို့ အတွင်းရေးမှူး ဦးမျိုးမြင့်က Duwun ကိုပြောပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့ ဒီကနေ့ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင်လ ၁၅ ရက်အထိ နောက်ဆုံးထားပြီး  မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဖုန်းနံပါတ် ၀၉-၈၉၃၂၁၇၁၀၈၊ ၀၉-၈၉၃၂၁၇၁၀၉၊ ၀၉-၈၉၃၂၁၇၁၁၀ ၊ Email – admin@mcef.org.mm,mcef1996@gmail.com တို့ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

ကိုဗစ်ဂယက်ကြောင့် ပြည်ပနိုင်ငံအသီးသီးက ရွှေ့ပြောင်းမြန်မာလုပ်သားတွေ သိန်းနဲ့ချီဟာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာနေကြပြီး သူတို့ကို ပြည်ပနိုင်ငံတွေမှာ ပြန်လုပ်ခွင့်ရအောင် စီစဉ်ပေးရမှာဖြစ်သလို ပြည်တွင်းမှာလည်း အလုပ်အကိုင်တွေဖန်တီးပေးဖို့ အစီအစဉ်တွေရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းဆွေးနွေးပွဲတွေမှာ ပြောကြားခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က