အထည်ချုပ်၊ ဆောက်လုပ်ရေးနှင့် စားသောက်ကုန် လုပ်ငန်းပိုင်းမှ အများဆုံးဖြစ်ပါတယ်။

ကိုဗစ်ကာမှာ ပြည်ပနိုင်ငံတွေကနေပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား နှစ်သိန်းကျော်မှာလုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင်လုပ်သားအရေအတွက်နှစ်သောင်းကျော်သာပါဝင်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနေ သိရပါတယ်။

"ကောက်ခံတဲ့ စာရင်းအချက်အလက်တွေအရတော့ လုပ်ငန်းကျွမ်းကျင်တယ်လို့ သက်ဆိုင်ရာနိုင်ငံတွေက လုပ်ငန်းရှင်တွေရဲ့ထောက်ခံချက် Skill လက်မှတ်ပါလာသူဦးရေက၂၅,၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်”လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ဆိုပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ပပြန်တွေထဲကနေကျွမ်းကျင်လုပ်သားစာရင်းကောက်ခံပေးနေမှုစာရင်းများအရသိရတာဖြစ်ပြီး အလုပ်သမားတွေဟာအထည်ချုပ်၊ဆောက်လုပ်ရေးနှင့် စားသောက်ကုန် လုပ်ငန်းပိုင်းတွေမှာ ကျွမ်းကျင်နေတာကို အများဆုံးတွေ့ရှိရတယ်လို့ဆိုပါတယ်။



လက်ရှိမှာအဲ့ဒီအလုပ်သမားတွေကိုလုပ်ငန်း Skill အလိုက်ကျွမ်းကျင်လုပ်သားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးနေသလို ၊ Labor exchange office ကနေလည်းအလုပ်အကိုင်တွေ ရှာဖွေချိတ်ဆက်ပေးနေပါတယ်။အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့၂၀၁၉ ခုနှစ်က ပထမအကြိမ်လုပ်သား အင်အားစစ်တမ်းအရ မြန်မာနိုင်ငံမှာလုပ်သား အင်အား၂၂ သန်းကျော်ရှိနေပြီးအမျိုးသားအဆင့်ကျွမ်းကျင်မှုစံသတ်မှတ်ရေးအဖွဲ့ (NSSA)ရဲ့ လုပ်ငန်းကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ်ရထားသူကတော့ သောင်းဂဏန်းသာ ရှိနေတယ်လို့သိရပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က