နိုင်ငံတွင်း COVID စတင်ဖြစ်ပွါးခဲ့စဉ်ကတည်းက ပြည်ဝင်ခွင့်တွေပိတ်ထား ခဲ့တာပါ။

မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို COVIDဖြစ်ပွါးခဲ့စဉ်ကတည်းက ပြည်ဝင်ခွင့်ပိတ်ထားခဲ့ရာကနေ သြဂုတ်လကုန်အထိထပ်မံတိုးမြှင့်လိုက်ပါတယ်

ပြည်ပနိုင်ငံသားများ မြန်မာနိုင်ငံဝင်ရောက်ခွင့် ပိတ်ထားမှုကို ဩဂုတ်လ (၃၁)ရက်နေ့ထိ ထပ်တိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ COVID ကာလကလည်း မပြီးသေးသလို ပြည်ပနိုင်ငံသားတွေ ဝင်ရောက်လာတာနဲ့ ရောဂါပိုးကူးစက်ပြန့်ပွါးမှု အန္တရာယ်ကို ကာကွယ်နိုင်အောင် အခုလို ထပ်တိုးလိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။



ပြည်ပလေကြောင်းလိုင်းအားလုံးကို ဆက်လက်ပိတ်သိမ်းထားပေမယ့်လည်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုတော့ အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ပေးလျှက်ရှိနေပါတယ်။ မဖြစ်မနေ မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့လာရောက်ဖို့ရှိနေတဲ့ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဝန်ထမ်းတွေအနေနဲ့ကလည်း အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွေနဲ့လိုက်ပါလာနိုင်ဖို့ သက်ဆိုင်ရာ သံရုံးတွေကို အကူအညီတောင်းခံနိုင်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပလေကြောင်းလိုင်း ခရီးစဉ်အားလုံးကို မတ်လကတည်းက ပိတ်ထားခဲ့ရာမှာ သက်တမ်းတိုးရင်းနဲ့ ဩဂုတ်လကုန်ထိ ဆက်လက်ပိတ်ထားဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက COVIDနဲ့ပတ်သက်လို့ ပြည်တွင်းကူးစက်မှုကို အချိန်ကာလတစ်ခုထိ ထိန်းချုပ်ထားနိုင်နေပြီး ပြည်တွင်းကူးစက်ခံလူနာအားလုံးကလည်းရောဂါပိုးပြန်လည်ပျောက်ကင်းသွားပါပြီ။ လက်ရှိဆေးကုသမှုခံယူနေရတဲ့ လူနာက (၅၂)ဦးသာကျန်ရှိနေပြီး အားလုံးက ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က